![]() |
ဘုရင့် နန်းသက် နှစ် ၅၀ ပြည့် အခမ်း အနား ကို တက်ရောက်တာ ဖြစ် |
ဘရုနိုင်း နိုင်ငံရဲ့ ဖိတ်ကြားချက် အရ ဘုရင့် နန်းသက် နှစ် ၅၀ ပြည့် အခမ်း အနား ကို တက်ရောက်တာ ဖြစ်ပြီး အဲဒီ အခမ်းအနား ကို အာဆီယံ အဖွဲ့ဝင် နိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ကြဖို့ ရှိပါတယ်။
ဘရုနိုင်း နဲ့ မြန်မာ နိုင်ငံ အကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပြီး မြန်မာ နိုင်ငံ အပေါ်မှာ နားလည်မှု အပြည့်ရှိတဲ့ မိတ်ဖက် နိုင်ငံ တစ်နိုင် ငံ ဖြစ်ပါတယ်။
ဘရူနိုင်း နိုင်ငံကို ရောက်ရှိ လာကြတဲ့ နိုင်ငံတကာ ခေါင်းဆောင် တွေကို ရခိုင် အရေး နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှင်းပြ မယ်လို့ နားလည်ရပါတယ်။
အောက်တိုဘာလမှာ ဥရောပ နိုင်ငံ အချို့ ကို သွားဖို့ စီစဉ် ထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ရဲ့ ခရီးစဉ် ကို တော့ ပြန်လည် သုံးသပ်ဖို့ ရှိတာကြောင့် ရွှေ့ဆိုင်း လိုက်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန်က ပြောကား ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
နိုင်ငံတော် အတိုင်ပင်ခံ ဘရုနိုင်း ကိုသွားမယ်
Reviewed by THITHTOOLWIN
on
07:55
Rating:
