![]() |
ဓါတ်ပုံ - လွင်ဦး(တောင်ကြီး) |
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ “လုံဝမ်း"ရွှေဆိုင်တွင် အောက်တိုဘာလ ၂၆ ရက်နေ့ ယနေ့ နေ့လည်ပိုင်းက သေနတ်အတုဖြင့် အမည်မသိအမျိုးသား (၁) ဦးမှ ၀င်ရောက်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရသည်။
ဖြစ်စဉ်မှာ ရွှေဆိုင်အတွင်းသို့ ၀င်ရောက်လာသော အမည်မသိအမျိုးသားမှာ သိန်း ၂၀၀ ဖိုးခန့် ၀ယ်ယူမည် ပြောပြီးရွှေထည်ပစ္စည်းများပြခိုင်းရာ ဆိုင်မှမယုံသဖြင့် မပြ သဖြင့် အသင့်ပါလာသော သေနတ်အတုကိုထုတ်၍ ရွှေထည် ပစ္စည်းများကို လုယူထွက်ပြေးခဲ့ရာဆိုင်ရှင်ဖြစ်သူ အီထွမ်း မှ ၀င်ရောက်လုံဖမ်းခဲ့သဖြင့် ရွှေထည်ပစ္စည်းများမပါသွားဘဲ လုယက်သူထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်းသိရသည်။
အဆိုပါ လုယက်သူ စီးနင်းလာသည့် ဆိုင်ကယ်မှာ “လုံဝမ်း" ရွှေဆိုင်ရှေ့၌ ကျန်ရှိနေပြီး ၄င်းအား ဖမ်းဆီးရမိနိုင်ရေး အတွက် တောင်ကြီးမြို့မ ရဲစခန်းတွင်အမှုဖွင့်လှစ်၍ လိုက်လံစုံစမ်းရှာဖွေခဲ့ရာ လုယက်သူအား City Square ရေကန်နားတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရသည်။
အဆိုပါရွှေဆိုင်အတွင်သေနတ်အတုဖြင့် ၀င်ရောက်လုယက် ခဲ့သူမှာ ခွန်ရန်းထိုဖြစ်ပြီး ၎င်းအား တောင်ကြီးမြို့မရဲစခန်းမှ ဥပဒေအရဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မင်း ထက်မုန်း/ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes/
တောင်ကြီးမြို့တွင် ရွှေဆိုင်အတွင်း သေနတ်အတုဖြင့် ၀င်ရောက်လုယက်မှုဖြစ်
Reviewed by THITHTOOLWIN
on
17:15
Rating:
