ကမ္ဘောဒီးယား လွှတ်တော်အဖွဲ့ဝင်တချို့ နိုင်ငံကို စွန့်ခွာ

(ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကို တွေ့ရစဉ်) Photo:Samdech Hun Sen, Cambodian Prime Minister
ကမ္ဘောဒီးယား လွှတ်တော်အဖွဲ့ဝင်တွေရဲ့ တဝက်လောက်ဟာ အတိုက်အခံပါတီကဖြစ်ကြပြီး ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ နှိမ်နင်းမှုကို ခံရမှာကြောက်တဲ့အတွက် နိုင်ငံကို စွန့်ခွာထွက်ခွာသွားကြပြီဖြစ်တယ်လို့ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) ရဲ့ ဒုတိယခေါင်းဆောင်က ပြောပါတယ်။

CNRP ပါတီ ခေါင်းဆောင် ခမ်ဆွတ်ခါဟာ ပြီးခဲ့တဲ့စက်တင်ဘာ လ ၃ ရက်နေ့က အဖမ်းခံရပြီး အမေရိကန် အကူအညီယူပြီး နိုင်ငံတော်ကိုသစ္စာဖောက်မှုနဲ့ စွဲချက်တင်ခံနေရတာ ဖြစ်ပါတယ်။

ပတ်သက်နေသူတွေကို ထပ်မံဖမ်းဆီးဖို့ရှိတယ်လို့ ကမ္ဘောဒီးယားအစိုးရက ပြောဆိုထားပြီး အတိုက်အခံ တွေကတော့ ဒါဟာ အာဏာကို ဆယ်စုနှစ် ၃ ခုကျော် ရယူထားပြီး ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ဆက်လက်အာဏာယူချင်တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပရိယာယ်သာဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ CNRP ခေါင်းဆောင်တွေ နိုင်ငံခြားကိုထွက်ခွာသွားကြတယ်ဆိုရင် အဲဒါဟာ ပါတီတွင်းပြဿနာ သာဖြစ်တယ်လို့ လက်ရှိအာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

CPP ပါတီဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးတဲ့ ယဉ်ကျေးမှုကို ယုံကြည်ပေမယ့် ခမ်ဆွတ်ခါအပေါ် ရာဇဝတ်မှုနဲ့ ဖမ်းဆီးထားတာဟာ အဲဒီယဉ်ကျေးမှုကို ဖျက်ဆီးခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကမ္ဘောဒီးယား လွှတ်တော်အဖွဲ့ဝင်တချို့ နိုင်ငံကို စွန့်ခွာ ကမ္ဘောဒီးယား လွှတ်တော်အဖွဲ့ဝင်တချို့ နိုင်ငံကို စွန့်ခွာ Reviewed by THITHTOOLWIN on 10:34 Rating: 5
Powered by Blogger.