ပင်ဝယ်ကျေးရွာနှင့် တုံလုံကျေးရွာကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် အမည်မသိ အမျိုးသားတစ်ဦး ကားကြိတ်သေဆုံးမှုဖြစ်ပွား
မော်လူး - အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာနှင့် တုံးလုံကျေးရွာကြား မော်လူးရဲစခန်းပိုင်နယ်မြေရှိ ရွှေဘို -မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အမည်မသိ အမျိုးသား တစ်ဦး ကားကြိတ်သေဆုံးမှု ဖြစ်ပွါးခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၅ရက် နံနက် ၄နရီခွဲအချိန့် ခန့်က ပင်ဝယ်ရဲကင်းမှူးရဲအုပ် မင်းသိန်းထွန်းတာဝန်ဆောင်ရွက်နေစဉ် ပင်ဝယ်ကျေးရွာနှင့် တုံးလုံကျေးရွာကြား ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီးပေါ်
ကားလမ်းမိုင်တိုင်အမှတ် ၁၅၃/၅-၆ကြားတွင် အမည်မသိ အမျိုးသားတစ်ဦး အူများထွက်ပြီးသေဆုံး နေကြောင်း သတင်းအရ သက်သေများနှင့်အတူသွား ရောက်စစ်ဆေးပါသည်။
အဆိုပါနေရာတွင် ကားလမ်း၏ မြောက်ဘက်သို့မျက်နှာမူလျက် ကားလမ်း၏ဝဲဘက် မြေသားလမ်းပေါ်တွင် ခြေထောက်နှစ်ဘက် ကွန်ကရစ် လမ်းပေါ်တင်လျက် အသက် ၄၀နှစ်ခန့် အမည်မသိ အမျိုးသားတစ်ဦးမှာ စအိုနှင့်ကပ်ပယ် အိတ်ပွင့်ပြီး အူနှင့်ကလီစာများထွက်၍ ရင်ညွန့်ကျိုး ဒဏ်ရာ ညာလက်မောင်းကျိုးဒဏ်ရာ ဝဲဘက်ပေါင်ကျိုး ဒဏ်ရာ ဝဲဘက်ခြေဖဝါးစုတ်ပြဲဒဏ်ရာ ဦးခေါင်းနှင့် မျက်နှာ ကြေမွပျက်စီးဒဏ်ရာ ကျောတွင်ကားဘီး တာယာပွတ် ကြိတ်ထားသည်ဟုယူဆရသော ညိုမည်းအကွက်ဒဏ်ရာ တို့ဖြင့်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ရဲဆေးစာဖြင့် မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သိရပါသည်။
အဆိုပါဖြစ်စဉ်မှာ ယာဉ်တစ်စီးမှတိုက်မိသည်ဟု ယူဆရ၍ ယာဉ်မောင်းအားစုံစမ်းဖော်ထုတ်အရေးယူ နိုင်ရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း မော်လူးနယ်မြေရဲစခန်း မှတ်တမ်းများအရ သိရပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်၍ မော်လူးရဲစခန်း နယ်မြေမှ အမှုရေးဖွင့်ခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး အတွက် အမှုစစ်ရဲအုပ်မင်းသိန်းထွန်းက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
Cyclone Mawlu
ပင်ဝယ်ကျေးရွာနှင့် တုံလုံကျေးရွာကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် အမည်မသိ အမျိုးသားတစ်ဦး ကားကြိတ်သေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:58
Rating:
