![]() |
ကာဂျစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Temir Zhumakadyrov အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) |
ကာဂျစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Temir Zhumakadyrov စီးနင်းလာသော မော်တော်ယာဉ်သည် အောက်တိုဘာ ၇ ရက်တွင် အဝေးပြေးလမ်းမပေါ်၌ ကုန်တင်ကားတစ်စီး နှင့် တိုက်မိကာ ဒုတိယဝန်ကြီးချုပ် သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
နိုင်ငံမြောက်ပိုင်းစွန်း Sadovoye ကျေးရွာ ရှိ Bishkek-Kara-Balta အဝေးပြေးလမ်းပိုင်းတစ်ခုတွင် ဒေသစံတော်ချိန် နံနက် ၇း၃၀နာရီတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။Zhumakadyrov နှင့် ၎င်း၏ လက်ထောက်တို့သည် တိုယိုတာလန်ခရူဆာကားဖြင့် ခရီးထွက်လာခြင်းဖြစ်ပြီး ကားမောင်းသူ နှင့် လက်ထောက်ဖြစ်သူတို့သည် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကုန်တင်ကားမောင်းသူအား ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။အသက် ၃၈နှစ်အရွယ်ရှိ Zhumakadyrov သည် ၂၀၁၇ခုနှစ် သြဂုတ်လတွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီး ယင်းမတိုင်ခင် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ကာဂျစ္စတန် ဒုတိယဝန်ကြီးချုပ် ယာဉ်မတော်တဆမှုကြောင့် သေဆုံး
Reviewed by THITHTOOLWIN
on
17:44
Rating:
