ကလေး - မော်လိုက် ကားလမ်း၌ ကားတစ်စီး တိမ်းမှောက်၍ လူ ၄ ဦးသေဆုံး

ဓါတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန
ကလေး အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မော်လိုက်မြို့ကို ဆက်သွယ်ထားသည့် လက်ဆေးကန် သွားရာကားလမ်းပေါ်တွင် အောက်တိုဘာလ ၁၁ ရက် နံနက် ၃ နာရီခန့်က ကားတစ်စီးဘရိတ် ပေါက် တိမ်းမှောက်ရာမှ ယာဉ်မောင်း အပါအဝင် လူလေးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရကြောင်း သိရသည်။

အဆိုပါ မော်လိုက်မြို့မှ ကလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်သည် လက်ဆေးကန် အနီးတောင်တက်လမ်းတွင် ဘရိတ်ပေါက်ကာ လမ်းညာဖက်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိမ်းမှောက်သည့်ယာဉ်မှာ သစ်များတင်ဆောင်နိုင်ရန် ပြုလုပ်ထားသည့် ကားတစ်စီးဖြစ်ကြောင်း၊ ဒဏ်ရာရသူ လေးဦးမှာ ကလေးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေကြပြီး မစိုးရိမ်ရကြောင်း သိရသည်။

ဂျူနိုင်း

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကလေး - မော်လိုက် ကားလမ်း၌ ကားတစ်စီး တိမ်းမှောက်၍ လူ ၄ ဦးသေဆုံး ကလေး - မော်လိုက် ကားလမ်း၌ ကားတစ်စီး တိမ်းမှောက်၍ လူ ၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.