ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး (၁) ဦး သေဆုံး


၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ၀၉၂၅ အချိန် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဝင်ပေါက်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားရာ ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး သေဆုံးသွားကြောင်း သိရပါသည်။

 တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ စောအယ်လ်ခု(၂၆)နှစ် မောင်းနှင်ပြီး ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နွယ်(၅၃)နှစ် လိုက်ပါလာသည့် YGN-5N/xxxx SUZUKI ယာဉ်အား စိုက်ပျိုးရေးတက္ကသိုလ်အတွင်းမှ ထွက်လာသော ဦးလှထွန်း(၆၃) နှစ်(အငြိမ်းစား အင်ဂျင်နီယာ) ရေဆင်းသစ်တောတက္ကသိုလ်ဝင်းနေသူ မောင်းနှင်လာသည့် NPW-4F/xxxx MITSUBISHI (၆)ဘီးကန်တာယာဉ်မှ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် YGN-5N/xxxx SUZUKI ယာဉ်မှာ လမ်းယာဘက်ရှိ ကုက္ကိုပင်နှင့် ထပ်မံဝင်ရောက် တိုက်မိခဲ့သဖြင့် ဦးတင်နွယ်တွင် ပါးစပ် သွေးထွက်၊ နဖူးပေါက်ပြဲ၊ ရင်ဘက်ဖူးရောင်ဒဏ်ရာ ရရှိခဲ့၍ နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသလျက်ရှိပြီး ၁၂၁၀ အချိန် ဦးလှထွန်း(ဖမ်းမိ)အား ရေဆင်းနယ်မြေရဲစခန်း မှယာဉ်(ပ)၂၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ (ပေါ့လျော့မှုကြောင့် ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပါသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ၂၁၁၅ အချိန် ဆေးကုသမှုခံယူနေသော ဦးတင်နွယ်သည် သေဆုံးသွားသဖြင့် ရေဆင်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၂၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ မှ ၃၀၄-က(ပေါ့လျော့မှုကြောင့် လူသေမှု) သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး (၁) ဦး သေဆုံး ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး (၁) ဦး သေဆုံး Reviewed by THITHTOOLWIN on 17:00 Rating: 5
Powered by Blogger.