![]() |
ပင်လယ်နီ ဆိပ်ကမ်းမြို့ ဂျက်ဒါ |
အယ်လ်ဆလမ် နန်းတော် တံခါးဝကို မောင်းဝင်လာပြီး အစောင့်တွေကို ပစ်ခတ်တဲ့ အဲဒီ သေနတ်သမားကို ပစ်သတ်ခဲ့တယ်လို့ ဆော်ဒီ ပြည်ထဲရေး ဌာနက ထုတ်ပြန်ပါတယ်။
သေနတ်သမား Mansour al-Amri က မောင်းပြန်သေနတ် ကိုင်ဆောင်ထားပြီး ဓာတ်ဆီပုလင်းတွေလည်း ပါလာတယ် လို့ ဆိုပါတယ်။
ဒီသေနတ်သမားဟာ ၂၈ နှစ် အရွယ် ဆော်ဒီ နိုင်ငံသားလို့လည်း ဖော်ထုတ် သိရပါတယ်။
ဒီပစ်ခတ်မှု ဖြစ်ပွားတာဟာ နန်းတော် အဝင်တံခါး အပြင်ဘက်က စစ်ဆေးရေး ဂိတ်တခုမှာ ဖြစ်ပါတယ်။
![]() |
ဆော်ဒီ ဘုရင် ဆာလ်မွန် နိုင်ငံခြားကို ခရီးထွက်နေ |
စနေနေ့ နေ့လယ် ဒေသစံတော်ချိန် ၃ နာရီလောက်က ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေး အစောင့်တွေက တားဆီးနိုင်ခဲ့တယ်လို့ ဆော်ဒီ သတင်းဌာနတွေက ဆိုပါတယ်။
သေနတ် ပစ်ခတ်မှု အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရီယာ့ဒ် မြို့တော်က နေရာ ၃ ခုကို အစ္စလာမ္မစ် နိုင်ငံ အဖွဲ့နဲ့ နွယ်တဲ့ အကြမ်းဖက် အုပ်စု တစုနဲ့ ဆက်စပ်တယ် ဆိုပြီး ဆော်ဒီ ရဲက စီးနင်းရှာဖွေခဲ့တယ်လို့ သိရပါတယ်။
အဲဒီတုန်းက နှစ်ယောက် သေပြီး ငါးယောက် အဖမ်းခံခဲ့ရပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဂျက်ဒါ နန်းတော်မှာ ပစ်ခတ်မှုဖြစ်
Reviewed by THITHTOOLWIN
on
09:32
Rating:
