![]() |
(ဓာတ်ပုံ - Soe Pyae Nyo Post) |
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ် ရပ်ကွက်တစ်ခု ဖြစ်သည့် အမှတ် (၃) ဘင်္ဂလီရပ်ကွက်တွင် ယနေ့ည ၈ နာရီကျော်မှ စပြီး နေအိမ်များ မီးလောင်နေကြောင်း သတင်းရရှိသည်။
တရားရေးလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ညွှန့်မှ မီးလောင်နေသည်မှာ အမှတ်(၃) ဘင်္ဂလီရပ်ကွက်တွင် ဖြစ်ပြီး ည ၈ နာရီကျော် အချိန်မှ စတင်လောင်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။
“ မီလောင်နေတာကို မြင်နေရတယ်။ မီးညွှန့်တွေ တက်နေတယ်။ ည ၆ နာရီ ညမထွက်ရ အမိန့်ထုတ်ထားတော့ အပြင်ထွက်လို့ မရဘူး။ မီးလောင်တာကို မြင်နေရတယ်။ ဘယ်လို အခြေအနေရှိတယ်ဆိုတာ မသိရဘူး။ မီးသတ်ကားတွေ သွားတာကိုတော့ တွေ့ရပါတယ်” ဟု ယနေ့ ည ၉ နာရီ ၃၀ က မေးမြန်းစဉ် ဦးအောင်ကျော်ညွှန့်က ပြောကြားသည်။
မီးသတ်ကားများမှာ လမ်းကျဉ်း၍ ရပ်ကွက်အတွင်းသို့ ၀င်၍ မရသဖြင့် မီးသတ်ရာတွင် အခက်အခဲ ဖြစ်နေရာမှ မီးကို မငြိမ်းသတ်နိုင်ဘဲ ဖြစ်နေကြောင်း သိရှိရသည်။
မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာ အမှတ် (၃) ရပ်ကွက် မီးလောင်နေသည်မှာ ဟုတ်မှန်ကြောင်း၊ မည်သည့် နေရာ၊ မည်သူ့အိမ်ကို မီးလောင်နေသည်ကို ရဲက စစ်ဆေးနေကြောင်း၊ နေ့လယ်ကလည်း ၎င်းရပ်ကွက်တွင်ပင် ဘင်္ဂလီ လူမျိုး နေအိမ်တစ်အိမ်အား မီးလောင်ခဲ့ကြောင်း၊ မီးလောင်သော အိမ်တွင် လူနေထိုင်ကြောင်း၊ အိမ်တစ်ဝက်ခန့် မီးလောင်ခဲ့ကြောင်း၊ အိမ်ရှင်ဖြစ်သူမှ ပေါ့ဆမီးဟု ပြောဆိုကြောင်း၊ ယခု မီးလောင်နေမှုကို စစ်ဆေးနေချိန် ဖြစ်နေသဖြင့် အသေးစိတ် မပြောနိုင်ကြောင်း သူက ပြောကြားသည်။
Narinjara
https://www.facebook.com/Narinjara-151742128171206
မောင်တော အမှတ်(၃) ဘင်္ဂလီရပ်ကွက်တွင် မီးလောင်
Reviewed by THITHTOOLWIN
on
22:52
Rating:
