အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် (၂)ဦး သေဆုံး


၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ၁၁၂၀ အချိန်တွင် အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး-အမြန်လမ်းမိုင်တိုင်(၁၄၄/၃-၄)ကြား၌ အမြန်လမ်းမကြီးအား ဖြတ်မောင်းသည့် ဆိုင်ကယ်နှင့် ကားလေးတစ်စီး တိုက်မိမှုကြောင့် (၂)ဦး သေဆုံး ခဲ့ကြောင်း သိရပါသည်။

 နေပြည်တော်မှ ရန်ကုန်သို့ ဇင်ဝိုင်း(၂၂)နှစ်၊ ရွှေလှေအင်းကျေးရွာ၊ တောင်ငူမြို့နယ်နေသူမောင်းနှင်ပြီး မဖော်ရီစိုး(၂၅)နှစ်၊ ချင်းရွာကျေးရွာ အုတ်တွင်းမြို့နယ်နေသူ နောက်ထိုင်လိုက်ပါလာသည့် ဆိုင်ကယ်သည် အမြန်လမ်းမကြီးအား ဖြတ်မောင်းစဉ် နောက်မှ ကစ္စနရောင်း(၅၄)နှစ်၊ လျှပ်စစ်ရိပ်သာ ကျောင်းလမ်း အလုံမြို့နယ်နေသူမောင်းနှင်သော 1P/ xxxx HYBRID ယာဉ်နှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ ယာဉ်တိုက်မှုကြောင့် ဇင်ဝိုင်း နှင့် မဖော်ရီစိုးတို့တွင် ဦးခေါင်း၊ ပါးစပ်/နှာခေါင်းသွေးထွက်ဒဏ်ရာတို့ဖြင့် သေဆုံးသွား၍ တောင်ငူ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 ၁၄၁၅ အချိန် ဇင်ဝိုင်း(သေဆုံး)အား ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ)၃၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က(ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် (၂)ဦး သေဆုံး  အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် (၂)ဦး သေဆုံး Reviewed by THITHTOOLWIN on 16:08 Rating: 5
Powered by Blogger.