![]() |
(လေယာဉ်ပေါ်မှ ပြည်ထဲရေးအဖွဲ့) |
ဘင်္ဂလာဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အာဆတ် ဒူဇာမန် ခန် (Asaduzzaman Khan) ဦးဆောင်သည့် အဖွဲ့ဝင် ၁၂ ဦးပါ ဘင်္ဂလာ ကိုယ်စားအဖွဲ့သည် ယနေ့ နေ့လယ်က ဘီမန်လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ထွက်ခွာသွားသည်ဟု သိရသည်။
၎င်းဝန်ကြီးနှင့် အဖွဲ့သည် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် ဘင်္ဂလာကြောင်းလိုင်း ဘီမန်ဖြင့် ဒက္ကားမြို့လေဆိပ်မှ ထွက်ခွာသွားကြောင်း၊ သြဂုတ် ၂၅ ရက်နေ့ နယ်ခြားစောင့် စခန်းများကို တိုက်ခိုက်ပြီးနောက် မြန်မာပြည်မှ ထွက်ပြေးသွားကြသည့် ဘင်္ဂလီ ဒုက္ခသည် ၅ သိန်းခန့် အရေးကိစ္စကို မြန်မာနှင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း BD news 24 တွင် ဖော်ပြထားသည်။
ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးဝန်ကြီးသည် သူ၏ မြန်မာ ခရီးစဉ် အတွင်း နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးနှင့် ပတ်သက်ပြီး သဘောတူညီချက် (၂) ခုကို မြန်မာ အာဏာပိုင်များနှင့် လက်မှတ်ရေးထိုးကြမည်ဟု သိရသည်။
Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာပြည်ထဲရေးဝန်ကြီး ဦးဆောင်သော ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ထွက်ခွာ
Reviewed by THITHTOOLWIN
on
15:41
Rating:
