မြစ်ကြီးနား အောက်တိုဘာ ၁၂
မြစ်ကြီးနားမြို့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပြုလုပ်မည်ဟု ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ သိရသည်။
အဆိုပါပွဲကို အောက်တိုဘာ၁၆ရက်နေ့ နံနက်၁၀နာရီခန့်တွင် မြို့သစ်ရပ်ကွက်ရှိ စိမ်းမြဧရာ ပန်းခြံဘေးမှ ဗိုလ်ချုပ်ကြေးရုပ်ထားရှိရာ ဗိုလ်ချုပ်ရင်ပြင် ပန်းခြံအတွင်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။
``ပါတီဝင် မဟုတ်တဲ့ ပြည်သူတွေကပဲ ဦးဆောင်ပြုလုပ်သွားမှာပါ ကျွန်တော်တို့အဖွဲ့က လိုအပ်တာကို ဘေးကနေပံပိုးကူညီ ပေးယုံပါပဲ´´ဟု NLD ဗဟိုကော်မတီဝင် ပြည်နယ်အလုပ်အမှုဆောင် ဘဏ္ဏာရေးမှုး ဦးဇော်လွင်ကပြောသည်။
အောက်တိုဘာ ၁၆ရက်နေ့တွင် အဆိုပါ ဗိုလ်ချုပ်ရင်ပြင် ပန်းခြံအတွင်း နိုင်ငံတစ်ကာမှဖိအားတွေကို မကျေနပ်သည့် ဘာသာပေါင်းစုံမှ ပြည်သူလူထုများအားလုံး တက်ရောက် ပါဝင်ပေးကြပါဟု ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ယခုလအတွင်း မြို့ကြီးအချို့၌ ကျင်းပလျှက်ရှိသည်။
မီးမီး / EPN
မြစ်ကြီးနားမြို့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပထမဆုံးအကြိမ် ပြုလုပ်မည်
Reviewed by THITHTOOLWIN
on
16:16
Rating:
