အမျိုးသမီးငယ်တစ်ဦးအိပ်ပျော်နေစဉ် ခြင်ထောင်အတွင်းဝင်လာသူ အမျိုးသားကြီး ဖမ်းဆီးအရေးယူခံရ


ဒလ အောက်တိုဘာ ၁၇

ဒလမြို့နယ် ကျန်စစ်သားရပ် ကွက် ပင်းယလမ်းတွင် အောက်တိုဘာလ ၁၅ ရက် နံနက် ၂ နာရီခွဲက နေအိမ်တွင်အိပ်ပျော်နေသော အမျိုး သမီးငယ်တစ်ဦး၏ ခြင်ထောင် အတွင်းသို့ အိမ်ချင်းကပ်နေသူ အမျိုးသားကြီးတစ်ဦးကဝင်ရောက် မှုဖြစ်ပွားသဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

''ဒီအိမ်လေးတွေက ကျူးကျော် အိမ်တွေဆိုတော့ EPC မီးမရဘူး။ ည ၁ဝ နာရီမီးပဲရှိပါတယ် ခင်ဗျာ။ အဲဒီကလေးမလေးနဲ့ ကလေးတွေ က အိမ်မှာအိပ်နေကြပြီး သူ့အမေ က နာရေးအိမ်ကို ရောက်နေတယ်။ အစ်ကိုဖြစ်သူက တွေ့မြင်ရတာ ပါ''ဟု အိမ်နီးချင်း အမျိုးသား တစ်ဦးက ပြောသည်။

မိခင်ဖြစ်သူ ဒေါ်ချိုမာ(၃၉နှစ်) က ''အောက်တိုဘာလ ၁၅ ရက် နံနက် ၂နာရီခွဲက သမီးဖြစ်သူ ----- (၁၅နှစ်)သည် အဆိုပါလမ်းရှိနေ အိမ်တွင် ခြင်ထောင်အတွင်းအိပ် ပျော်နေစဉ် အိမ်ခြေရင်းအိမ်ချင်း ကပ်နေအိမ်မှ ဦးသိန်းအောင်(ခ) ပြောင်ကြီး (၅၅နှစ်)က သမီး၏ ခြင်ထောင်အတွင်း ဝင်ရောက်နေ သည်ကို အပြင်မှပြန်လာသော သားဖြစ်သူ ရာဇာထွန်းကတွေ့၍ 'ဘာလုပ်နေတာလဲ'ဟု အော်ပြော စဉ် ဦးသိန်းအောင်(ခ)ပြောင်ကြီး သည် ခြင်ထောင်ထဲမှ ကမန်း ကတန်းထွက်လာပြီး ¤င်းနေအိမ် သို့ပြန်သွားကြောင်း''ဒလမြို့မ ရဲ စခန်း၌ တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ထိုအမှုနှင့်ပတ်သက်၍ ဒလ မြို့မရဲစခန်းမှ ဒုရဲအုပ်တင်မျိုးမင်း က တရားလိုနှင့်သက်သေများ အား စစ်ဆေးခြင်း၊ ဦးသိန်းအောင် (ခ)ပြောင်ကြီးအား ဖမ်းဆီးထားပြီး (ပ)၈၁၃/၂ဝ၁၇၊ ပြစ်မှုပုဒ်မ-၄၅၆ ဖြင့် အမှုဖွင့်အရေးယူစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သန်းဌေး(ဒလ)
The Union Daily
https://www.facebook.com/uniondaily.net/

အမျိုးသမီးငယ်တစ်ဦးအိပ်ပျော်နေစဉ် ခြင်ထောင်အတွင်းဝင်လာသူ အမျိုးသားကြီး ဖမ်းဆီးအရေးယူခံရ အမျိုးသမီးငယ်တစ်ဦးအိပ်ပျော်နေစဉ် ခြင်ထောင်အတွင်းဝင်လာသူ အမျိုးသားကြီး ဖမ်းဆီးအရေးယူခံရ Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.