ကနေဒီလုပ်ကြံခံရမှု လျှို့ဝှက်မှတ်တမ်းတွေ ထုတ်ပြန်မယ်

 အလုပ်ကြံခံခဲ့ရသူ သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ
၁၉၆၃ ခုနှစ်က ဒါးလတ်စ်မှာ အမေရိကန် သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီ အလုပ်ကြံအသတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်တဲ့ ထောင်သောင်းချီတဲ့ လျှို့ဝှက်မှတ်တမ်းတွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးဖို့ စီစဉ်နေကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

တကယ်လို့ အစိုးရဌာနတွေအနေနဲ့ ကန့်ကွက်ဖို့ မရှိဘူးဆိုရင် ပွင့်လင်းမြင်သာမှုကို ရှေ့ရှုပြီး စာရွက်စာတမ်းတွေကို အများပြည်သူဖတ်ရှုနိုင်အောင် ထုတ်ပြန်ပေးမယ်လို့ သမ္မတ အိမ်ဖြူတော်က ကြေညာပါတယ်။

နောက်တပတ် ကြာသပတေးနေ့ကို လျှို့ဝှက်မှတ်တမ်းတွေ ထုတ်ပေးဖို့ ရက်သတ်မှတ်ထားပါတယ်။

တချို့ အမေရိကန် အစိုးရ အရာရှိတွေကတော့ အများပြည်သူသိအောင် ထုတ်ဖော်ဖွင့်ချရင် အမျိုးသားလုံခြုံရေးကို ထိခိုက်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွင့်ချရေးကို ဆန့်ကျင်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ