ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်တစ်စီး အရိုန်လွန်​ကားလမ်း​ဘေး ထိုးကျ


ဘီးလင်းမြို့ အောက်တိုဘာ ၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်တွင် စက်တင်ဘာ ၃၀ ရက် နေ့လည် ၁၁နာရီအချိန်ခန့်က မော်တော်ယာဉ်တစ်စီး အရိုန်လွန်​ကား လမ်း​ဘေး ထိုးကျ၍ (၁) ဦး​သေ၊ (၈)ဦး ဒါဏ်​ရာရရှိခဲ့ကြောင်း သိရသည် ။

ယာဉ်တိမ်းမှောက်ကြောင်း သတင်းအရ ဘီးလင်းမြို့မရဲစခန်းမှ တာဝန်မှူးရဲအုပ်ဇာနည်အောင် နှင့် ရဲတပ်ဖွဲ့ဝင်များ အသိသက်သေများနှင့်အတူသွားရောက် စစ်ဆေးရာ ရန်​ကုန်​-​မော်​လမြိုင်​အ​ဝေး​ပြေးလမ်းအတိုင်း သထုံဘက်​မှဘီးလင်းဘက်​သို့ လှ​ထွေးနိုင်​(ခ)ဖိုးကြူး၊၄၆နှစ်​၊ဒဂုံဆိပ်​ကမ်းမြို့နယ်​၊ရန်​ကုန်​တိုင်း​ဒေသကြီး​နေသူ​မောင်းနှင်လာသော Honda Pickup အဖြု​ရောင်​ယာဉ်​အမှတ် YGN ​2G/9566ယာဉ်​သည် သထုံ-ဘီးလင်းနယ်​စပ်​မိုင်​တိုင်​၁၃၁/၄နှင့်​၁၃၁/၅ကြားသို့အ​ရောက်​တွင် အရိုန်မထိမ်းနိုင်ဘဲ လမ်း​ဘေးသို့ ထိုးကျပြီး ယာဉ်​​ပေါ်ပါခရီးသည်​၁၂ဦးအနက် ​​ဒေါ်စန်းစန်းမူ၊၄၆နှစ်​၊ဒဂုံဆိပ်​ကမ်း​မြို့နယ်​၊ရန်​ကုန်​တိုင်း​ဒေသကြီး​နေသူမှာ ပြင်​ပဒါဏ်​ရာမရှိဘဲပါးစပ်​မှအမြုပ်​များထွက်​လျက်​ဘီးလင်းမြို့​ဆေးရုံသို့ ပို့​ဆောင်​စဉ်​​သေဆုံးသွား ခဲ့ပြီး ကျန်​အမျိုးသား နူစ်ဦးနှင့် အမျိုးသမီး၅ဦး တို့ မှာ(မစိုးရိမ်​ရ)ဒါဏ်​ရာအသီးသီးရရှိခဲ့​ကြောင်း သိရသည်​။

အခင်းဖြစ်​စဉ်​အပြီး ယာဉ်​​မောင်းမှာ ထွက်​ပြေးတိမ်း​ရှောင်​သွားခဲ့သဖြင့်​ ​မော်​​တော်​ယာဉ်​ကို မဆင်​မခြင်​​မောင်းနှင်​ပြီးတိမ်း​မှောက်​​စေလျက် ​ခရီးသည်​များကို​သေဆုံးဒါဏ်​ရာရထိခိုက်​​စေခဲ့အောင်​ပြုလုပ်​ခဲ့သူ ယာဉ်​​မောင်း လှ​ထွေးနိုင်​(ခ) ဖိုးကြူးအားအမှုဖွင့်​အ​ရေးယူထားပြီး အမြန်​ဆုံးဖမ်းဆီးရမိ​ရေးအတွက်​လိုက်​လံစုံစမ်းလျက်​ရှိ​ကြောင်း ဘီးလင်းမြို့မရဲစခန်းမှသိရသည်​။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်တစ်စီး အရိုန်လွန်​ကားလမ်း​ဘေး ထိုးကျ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်တစ်စီး အရိုန်လွန်​ကားလမ်း​ဘေး ထိုးကျ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.