ပေါက်မယ်တကဲကဲ မီးတောင်မပေါက် - မထင်တဲ့ မီိးတောင်ပေါက်


အငိဒိုနီရှားနိုင်ငံ ဘာလီကျွန်းမှာ မောင့် အာဂွန် မိးတောင်ကြီး ပေါက်ကွဲဖို့ အလားအလာ ရှိနေလို့ သီတင်း ၂ ပတ်အတွင်း လူ ၂ သိန်းလောက် ဘေးကင်းရာ ရွှေ့ပြောင်းနေရချိန်မှာ ဆူမတြားကျွန်းက ဆင်နဘန် မီးတောင် ကြီးက သောကြာနေ့ မနက်ပိုင်းက ပေါက်ကွဲခဲ့ပါတယ်။

ရေနွေးငွေ့တွေ ပြာပူတွေကို ကောင်းကင်အထက် တမိုင်ခွဲကျော်ကျော် ပန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

အနှစ် ၄၀၀ လောက်က အကြီးအကျယ်ပေါက်ကွဲခဲ့ဘူးတဲ့ ဒီမီးတောင်ကြီးက ၂၀၁၀ ခုနှစ်က စပြီး ပြန်အသက်ဝင်လာတာ ဖြစ်ပါတယ်။ မြေငလျင် အကြိမ်ကြိမ်လှုပ်ပြီး အရင်နှစ်က ပေါက်ကွဲတော့ လူ ၇ ယောက်သေခဲ့ရတယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပေါက်မယ်တကဲကဲ မီးတောင်မပေါက် - မထင်တဲ့ မီိးတောင်ပေါက် ပေါက်မယ်တကဲကဲ မီးတောင်မပေါက် - မထင်တဲ့ မီိးတောင်ပေါက် Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.