![]() |
Photo: UNHCR in Bangladesh's Facebook |
ဟူစိန် အမည်ရှိ အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးက ရာဖီဇာ ဆိုတဲ့ အသက် ၁၈ နှစ်အရွယ် ဒုက္ခသည် အမျိုးသမီးကို ပြီးခဲ့တဲ့လက လက်ထပ်ပြီး၊ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဟူစိန်ရဲ့ မိဘတွေ နေအိမ်ကို ရဲက သွားရောက်မေးမြန်းရှာဖွေခဲ့ပေမဲ့ ဘယ်မှာရှိမှန်းမသိကြောင်း မိဘတွေက ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ၂၀၁၄ ခုနှစ်ကစပြီး ရိုဟင်ဂျာ မူစလင်ဒုက္ခသည်တွေနဲ့ လက်မထပ်ဖို့ အစိုးရက တားမြစ်ခဲ့ပါတယ်။ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ချင်တဲ့အတွက် ဌာနေနိုင်ငံသားတွေနဲ့ လက်ထပ်ဖို့ ကြိုးစားနေကြလို့ အစိုးရက တားမြစ်ခဲ့တာဖြစ်ကြောင်း သတင်းမှာ ဖေါ်ပြပါတယ်။
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာခဲ့ကြပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်အမျိုးသားတွေက ဒုက္ခသည်စခန်းတွေကိုလာရောက်ပြီး သတို့သမီး လာရှာကြလေ့ရှိတယ်လို့လည်းဖေါ်ပြပါတယ်။
အခုအခါ ဒုက္ခသည်စခန်းတွေကို လုံခြုံရေးတင်းကြပ်ထားပြီး၊ ညနေငါးနာရီနောက်ပိုင်း စခန်းထဲကို ဘယ်သူမှ မဝင်ရတော့ဘူးလို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာ အမျိုးသမီးနဲ့ လက်ထပ်ခဲ့သူကို ဘင်္ဂလားဒေ့ရှ်ရဲ ရှာဖွေ
Reviewed by THITHTOOLWIN
on
15:38
Rating:
