ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော မြန်မာဓာတ်ပုံ သတင်းထောက် ၂ ဦး မနက်ဖြန် အိမ်ပြန်မည်


နိရဉ္စရာ၊ အောက်တိုဘာ ၁၇

ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အာမခံဖြင့် ပြန်လည်လွတ်မြောက်ပြီး အမှုရင်ဆိုင်နေရသော မြနမာ့ ဓာတ်ပုံ သတင်းသမား ၂ ဦးသည် မနက်ဖြန် အောက်တိုဘာ ၁၈ ရက်နေ့တွင် မြန်မာပြည်သို့ ပြန်ကြမည် ဖြစ်ကြောင်း သိရသည်။

မင်းဇေယျာဦးနှင့် ခွန်လတ်တို့ အပေါ် စွဲဆိုထားမှုကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ရုတ်သိမ်းလိုက်ပြီးနောက် မနက်ဖြန် အင်္ဂါနေ့တွင် မြန်မာပြည်သို့ ပြန်ကြမည် ဖြစ်ကြောင်း သူတို့၏ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ Jyotirmoy Barua ပြောကြောင်း Reuters သတင်းကို BD news 24 com တွင် ဖော်ပြသည်။

ဂျာမန် မဂ္ဂဇင်း GEO အတွက် မြန်မာနိုင်ငံမှ ထွက်ပြေးသွားကြသူများကို ဓာတ်ပုံများရိုက်ရန် သူတို့ နှစ်ဦးသည် ဘင်္ဂလာဒေ့ရှ်သို့ ခရီးသွားဗီဇာဖြင့် ၀င်ရောက်စဉ် စက်တင်ဘာလ အစောပိုင်းက ကော့စ်ဘဇားခရိုင် အိုကီးယား မြို့နယ်တွင် ဖမ်းဆီးခံခဲ့ကြရသည်။

သူတို့ နှစ်ဦးသည် စက်တင်ဘာ ၆ ရက်နေ့က မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်သို့ ရောက်ရှိပြီး နောက်တစ်နေ့တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206
ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော မြန်မာဓာတ်ပုံ သတင်းထောက် ၂ ဦး မနက်ဖြန် အိမ်ပြန်မည် ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော မြန်မာဓာတ်ပုံ သတင်းထောက် ၂ ဦး မနက်ဖြန် အိမ်ပြန်မည် Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.