![]() |
ဓာတ်ပုံ : အောင်လအင်ဆန် ဖေ့ဘုတ် |
အောင်လအင်ဆန်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် ၎င်းတို့နှစ်ဦး၏ဘ၀တွင် ကြုံတွေ့ခဲ့ရသော အတွေ.အကြုံများနှင့် စိန်ခေါ်မှုများကို အချင်းချင်းပြန်လည်ဝေမျှခဲ့ပြီး ၎င်းတွေ့ ဖူးခဲ့သော ပုဂ္ဂိုလ်များထဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရိုးသားဖြောင့်မတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း အောင်လအင်ဆန်ကပြောသည်။
''အကောင်းဆုံးဆိုတဲ့ အရာတွေကို ရရှိပိုင်ဆိုင်နိုင်ဖို့ ဘယ်တော့မှအလွယ်တကူ မရနိုင်ဘူး ဆိုတဲ့ အန်တီစုရဲ့ ဆုံးမစကားဟာ ကျွန်တော့်ကို ခွန်အားသတ္တိတွေဖြစ်စေပါတယ် '' ဟု ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးမစကားနှင့်ပတ်သက်ပြီး အောင်လအင်ဆန်ကပြောသည်။
MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအင်ဆန်နှင့် မွေ့ထိုင်းဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီ (Alain Nalani)တို့ နိုဝင်ဘာလ ၃ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံကွင်းတွင် စိန်ခေါ်ပွဲထိုးသတ်သွားမည်ဖြစ်သည်။
အောင်လအင်ဆန်မှာမှု ပြီးခဲ့သည့် ဇွန်လ ၃၀ရက်နေ့က ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒစ်ရှ်ကို အနိုင်ယူ၍ မြန်မာ့သမိုင်းတွင် ပထမဆုံး MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ရရှိထားသူဖြစ်သည်။
The Kachin Times
https://www.facebook.com/KachinTimes.kcn
ဒေါ်အောင်ဆန်းစုကြည် နှင့် အောင်လအင်ဆန် တွေ့ဆုံ
Reviewed by THITHTOOLWIN
on
21:27
Rating:
