နေပြည်တော်တွင် မြတ်ခင်းဘေး၌ ကျည်ဆံမျိုးစုံ(၄၀)တောင့် တွေ့ရှိ

ဇမ္မူသီရိမြို့နယ်၌ စည်ပင်သန့်ရှင်းရေးဝန်ထမ်းမှ သန့်ရှင်းရေးဆောင်ရွက်စဉ် ကျည်ဆံမျိုးစုံ(၄၀)တောင့် တွေ့ရှိမှု
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ ၁၀၁၅ အချိန်က နေပြည်တော် ဇမ္မူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက် ထိုက်သူပန် ပျိုးဥယျာဉ်အနီး ပလက်ဖောင်းဘေးမြတ်ခင်း၌ စည်ပင်သန့်ရှင်းရေးဝန်ထမ်းမှ သန့်ရှင်းရေးဆောင်ရွက်စဉ် ကျည်ဆံမျိုးစုံ(၄၀)တောင့် တွေ့ရှိကြောင်း သိရပါသည်။

 မခင်မာဦး(၃၆)နှစ် သန့်ရှင်းရေးလုပ်သား B2 စည်ပင် အိမ်ယာနေသူမှ သန့်ရှင်းရေးဆောင်ရွက်စဉ် ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသော ၉ မမ ကျည်(၃၇) တောင့်၊ ၅.၅၆ ကျည်(၂)တောင့်၊ ပွိုင့်(၂၂)ကျည် (၁)တောင့်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျည်ဆံများအား ၁၃၄၅ အချိန် ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သန့်ရှင်းရေးဌာန လ/ထ ညွှန်ကြားမှူး ဦးဇော်လွင်မှ အမှတ်(၁) မြို့မရဲစခန်းသို့ လာရောက်အပ်နှံ သဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်အောင်မှ လက်ခံထားရှိကာ စစ်လက်နက်ခဲယမ်း ပစ္စည်းတပ်သို့ အပ်နှံသွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

နေပြည်တော်တွင် မြတ်ခင်းဘေး၌ ကျည်ဆံမျိုးစုံ(၄၀)တောင့် တွေ့ရှိ နေပြည်တော်တွင် မြတ်ခင်းဘေး၌ ကျည်ဆံမျိုးစုံ(၄၀)တောင့် တွေ့ရှိ Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.