![]() |
မြန်မာပြည်အခြေစိုက် ပြည်ပသံတမန်များကို အောက်တိုဘာလ ၂ ရက်နေ့က စစ်တွေလေဆိပ်မှာ တွေ့ရစဉ်။ Photo: Min Thein Aung/ RFA |
အဲဒီအထဲမှာ အမေရိကန်၊ မလေးရှား၊ ဒိန်းမတ်၊ အစ္စရေး၊ ပြင်သစ်၊ အင်ဒိုနီနီးရှား၊ အီးယူ၊ ပါကစ္စတန်၊ ထိုင်း၊ အိန္ဒိယ စတဲ့နိုင်ငံတွေက သံအမတ်ကြီးတွေ ပါဝင်ကြတာဖြစ်ပါတယ်။
မြန်မာအစိုးရဖိတ်ခေါ်မှုနဲ့ အခုလိုသွားရောက်ကြတာဖြစ်ပြီး ဒီခရီးစဉ်မှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေလည်း အတူလိုက်ပါသွားခဲ့ကြတာပါ။
သံတမန်တွေရဲ့ ဒီနေ့ခရီးစဉ်မှာ မောင်တောမြို့နယ်က ခမောင်းဆိပ်၊ နူရူလာ၊ ရွှေဇားစတဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့တဲ့ကျေးရွာတွေကို သွားရောက်ခဲ့ကြသလို ဘာပြဿနာမှမဖြစ်ခဲ့တဲ့ ပန်းတောပြင် မွတ်စလင် ကျေးရွာကိုလည်း သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီနေ့ သံတမန်တွေ စီးနင်းလိုက်ပါသွားတဲ့ ရဟတ်ယာဉ်သုံးစီးဟာ မောင်တောမြို့နယ်အတွင်းက ကျေးရွာတွေ အတော်များများကို လမ်းကြောင်းတွေအသီးသီးခွဲပြီး သွားရောက်ခဲ့ကြတာဖြစ်ပြီး မွတ်စလင်တွေအပြင် ရခိုင်၊ ဒိုင်းနက်၊ ကသည်း၊ မြို စတဲ့ဒေသခံတိုင်းရင်းသားတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ညနေပိုင်းမှာတော့ ရသေ့တောင်မြို့နယ်အတွင်းက အနောက်ပြင် မွတ်စလင်ကျေးရွာကိုလည်း သွားရောက်ခဲ့တယ် လို့သိရပါတယ်။
နိုင်ငံတကာသံတမန်တွေဟာ မောင်တောဒေသက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ကျေးရွာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က သွားရောက်ဖို့ပြင်ဆင်ခဲ့ပေမယ့် ရာသီဥတုဆိုးရွားနေတာကြောင့် မသွားဖြစ်ခဲ့ဘဲ ဒီနေ့မှာ သွားရောက်ကြတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
သံတမန်တွေ မောင်တောဒေသ သွားရောက်
Reviewed by THITHTOOLWIN
on
19:46
Rating:
