![]() |
Water Taxi ရန်ကုန်ရေကြောင်းဘတ်စ် |
ဒီကနေ့ ရန်ကုန်ရေကြောင်းဘတ်စ်များ စတင်ပြေးဆွဲဖို့ ခွင့်ပြုတဲ့ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
နာမည်ကျော် ကားကြပ်တည်းမှုပြဿနာကိုအဖြေရှာဖို့ အတွက် ရန်ကုန်ရေကြောင်း ဘတ်စ်လိုင်းတွေ ပြေးဆွဲခွင့်ပေးခဲ့တာဖြစ် တယ်လို့လည်း သူကပြောပါသေးတယ်။ ပထမ ဆုံးအသုံးချတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တခုအဖြစ် ရန်ကုန်ရေကြောင်း ဘတ်စ်များပြေးဆွဲတဲ့ အပေါ်ပြည်သူတွေပါဝင်ပေးဖို့ လည်း တိုက်တွန်းခဲ့ပါတယ်။
ရန်ကုန်ရေကြောင်းဘတ်စ်လိုင်းတွေကို လာမယ့် အောက်တိုဘာလ ၇ ရက် မနက် ၇ နာရီကနေ စတင်ပြီး ပြေးမှာဖြစ်ပြီး လမ်းကြောင်းအနေနဲ့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကနေ အင်းစိန် အောင်ဇေယျတံတားအထိ ပြေးမှာပါ။ ကနဦးမှာ ဒီပြေးဆွဲ မှုအတွက် သင်္ဘော ၁၃စီး ပြင်ဆင်ထားပေမယ့် ကနဦးတကယ်ပြေးမှာကတော့ (၅)စီးနဲ့ စတင် မှာလို့ တင့်တင့်မြန်မာကုမ္ပဏီမှ ဒေါ်တင့်တင့်လွင် ကပြောပါတယ်။
ပြေးဆွဲသွားတာမှာ စီးနှင်းခကတော့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကနေ အင်းစိန် အောင်ဇေယျတံတားအထိ လူတဦးကို ကျပ် ၃၀၀ သာကျမှာဖြစ်ပါတယ်။ ဒီလို သတ်မှတ်ခရီးတကြောင်းကိုစီးအပြီး နောက်ထပ်အဲလမ်းကြောင်းပေါ်ကဘဲ နေရာတခု ကိုသဘောင်္ပေါ်ကမဆင်းဘဲ ခရီးထပ်ဆက်မယ်ဆိုရင်တော့ တဦး လျှင် ၂၀၀ကျပ်ထပ်ပေးရမယ်လို့ပြောပါတယ်။
ရန်ကုန်ရေကြောင်းဘတ်စ်ပြေးဆွဲတာမှာ စီးတဲ့ လူဦးရေနဲ့ ကိုက်ညီတဲ့ သက်ကယ်လှေ၊ သက်ကယ် အကျှီင်္တွေ အပြင် ရေယာဉ်တစီးတိုင်းမှာ ရေကူးကျွမ်းကျင်တဲ့ လုံခြုံရေးတဦးကိုပါ ထည့်ပေးထားတာမို့ လုံခြုံရေးပိုင်း အထူးအာမခံ တယ်လို့ တင့်တင့်မြန်မာကုမ္ပဏီမှ ဒေါ်တင့်တင့်လွင် ပြောဆိုလိုက်ပါတယ်။
နောက်ပိုင်း မှာ ရန်ကုန်မြစ်အတွင်း အခြားသော ရေလမ်းခရီးသုံးနိုင်မယ့်နေရာတွေ တိုင်းကို ပြေးဆွဲသွားဖို့လည်း စီစဉ်ထား တယ်လို့ ဒေါ်တင့်တင့်လွင်က ဆိုပါတယ်။ လက်ရှိမှာတော့ ညောင်တန်း-မြောက်ဒဂုံ ၊ စတားစီးတီး- သန်လျင် စတဲ့ နေရာတွေကိုပါ ပြေးဆွဲသွားဖို့စီစဉ်နေပါတယ်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရန်ကုန်ကားကြပ်ပြသနာလျော့ပါးဖို့ ရေကြောင်းဘတ်စ် စတင်ပြေးဆွဲ
Reviewed by THITHTOOLWIN
on
19:13
Rating:
