ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး လူသုံးဦးသေဆုံး


သထုံ ၊ အောက်တိုဘာ ၊ ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စု၊ ပန်းတိမ်ရွာမူလတန်းကျောင်းရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် အောက်တိုဘာလ ၂၄ ရက်၊ နံနက် ၃ နာရီခွဲအချိန် ၀န်းကျင်ခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး လူသုံးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပန်းတိမ်ရွာမူလတန်းကျောင်းရှေ့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် ၁၅၄/၃ နှင့် ၁၅၄/၄ အကြားတွင် ဘီးလင်းဘက်မှ သထုံဘက်သို့ ချစ်ရှိုင်း၊ ၁၅ နှစ် ၊ အလံတရာကျေးရွာနေသူ မောင်းနှင်ပြီး မောင်မှတ်၊ ၂၆ နှစ် ၊ ပန်းတိမ်ရွာနေသူ လိုက်ပါလာသော FZ အမျိုးအစား၊ ယာဉ်အမှတ် ၅၄ယ/၅၀၂၂ အနက်ရောင် ဆိုင်ကယ်နှင့် သထုံဘက်မှ ဘီးလင်းဘက်သို့ ၀င်းမင်းထွန်း၊ ၃၃ နှစ် ၊ နောင်ကုလား ရွာကြီးနေသူမောင်းနှင်ပြီး နောက်မှ မောင်ရဲ၊ ၂၀ နှစ် ၊ ပန်းတိမ်ရွာနေသူနှင့် ကိုဇော်၊ ၂၅ နှစ် ၊ ပန်းတိမ်ရွာနေသူတို့ လိုက်ပါလာသော Toyomax အမျိုးအစား၊ နံပါတ်မပါ အနက်ရောင်ဆိုင်ကယ်တို့ လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိရာ ချစ်ရှိုင်းနှင့် မောင်မှတ်တို့မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ၀င်းမင်းထွန်း၊ မောင်ရဲနှင့် ကိုဇော်တို့မှာ အခင်းဖြစ်နေရာတွင် သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် လူသေဆုံးအောင် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူများဖြစ်သည့် ချစ်ရှိုင်းနှင့် ၀င်းမင်းထွန်း တို့နှစ်ဦးအား အမှုဖွင့် အရေးယူထားကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

သက်ဦး(သထုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး လူသုံးဦးသေဆုံး ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး လူသုံးဦးသေဆုံး Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.