လက်နက်တွေကို မြ၀တီ လမ်းကြောင်းက သယ်ခဲ့


ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သား ဦးဖြိုးကိုကိုတင့်ဆန်းထံမှ သိမ်းဆည်းရမိတဲ့ လက်နက် တွေကို မြ၀တီလမ်းကြောင်းကနေ ကားနဲ့ သယ်ဆောင်ခဲ့တာဖြစ်တယ်လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ မှူးရဲမှူးကြီး ဇော်ခင်အောင်က ဘီဘီစီကို ပြောပါတယ်။

" ဖြိုးကိုကိုတင့်ဆန်းရဲ့ တပည့် စိုင်းဘိုဘိုရဲ့ထွက်ဆိုချက်အရပေါ့ တချို့ လည်း သူဝယ်ပေးတယ်လို့ ထွက်ဆိုတယ် နယ်စပ်နဲ့ ချိတ်ဆက်ပြီးတော့ ၀ယ်ပေးတဲ့ နောက်တစ်ယောက်က တော့မမိသေးဘူး ကားနဲ့ တလက်စ နှစ်လက်စ သယ်တာ" လို့ ရဲမှူးကြီးဇော်ခင်အောင်က ဘီဘီစီကို ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးထားသူ ၁၂ ဦးရှိပြီး ခေါ်ယူစစ်ဆေးနေသူ အများအပြားလဲရှိပါတယ်။

လက်ရှိမှာတော့ဦး ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါတွေကို မူးယစ်မူ့ လက်နက်မှု အပြင် လုံခြုံရေးအဖွဲ့ တွေရဲ့ တံဆိပ်တွေအသုံးပြု မှု စတဲ့ ပုဒ်မ တွေနဲ့ပါ တရားဆွဲဆိုဖို့ ရှိတယ်လို့ လည်း ရဲမှူးကြီးကပြောပါတယ်။

ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန
BBC Burmese
https://www.facebook.com/bbcburmese
လက်နက်တွေကို မြ၀တီ လမ်းကြောင်းက သယ်ခဲ့ လက်နက်တွေကို မြ၀တီ လမ်းကြောင်းက သယ်ခဲ့ Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.