သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့ပတ်သက်ပြီး သတင်းမှား ဖော်ပြခဲ့သူတွေကို ၆၆(ဃ) နဲ့ အမှုဖွင့်

လက်နက်မိတယ်ဆိုပြီး မဟုတ်မမှန် သတင်းတွေ ဖြန့်နေသော ပို့စ်များ တွေ့ရစဉ်။ ဓါတ်ပုံ - သီတဂူစတား ဖေ့စ်ဘွတ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းက သီတဂူဗုဒ္ဓတက္ကသိုလ်မှာ လက်နက်တွေ ဖမ်းမိတယ်ဆိုပြီး ဖေ့ဘွတ်မှာ သတင်းမှားတွေ ဖော်ပြခဲ့တဲ့ အကောင့်ပိုင်ရှင် ၅ ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

"မြန်မာဘုန်းကြီးကျောင်းတွေက လူသတ်လက်နက်တိုက်တွေ ဖြစ်နေပြီလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ သီတဂူဗုဒ္ဓ တက္ကသိုလ်ကို ရဲတပ်ဖွဲ့က ရှောင်တခင် ၀င်ရောက်စီးနင်းရာမှာ လက်နက်တွေ တွေ့ရှိခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က အကောင့် ၅ ခုကနေ ဖော်ပြခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီသတင်းဟာ သီတဂူဆရာတော်ရဲ့ သာသနာပြုလုပ်ငန်းတွေကို ပုတ်ခတ်စော်ကားရုံသာမကဘဲ သီတဂူတက္ကသိုလ်ကို အသရေဖျက်စေတဲ့အတွက် အဲဒီသတင်းတွေ ဖော်ပြခဲ့သူတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ သီတဂူသာသနာပြုအဖွဲ့က တိုင်တန်းတာကြောင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့ပတ်သက်ပြီး သတင်းမှား ဖော်ပြခဲ့သူတွေကို ၆၆(ဃ) နဲ့ အမှုဖွင့် သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့ပတ်သက်ပြီး သတင်းမှား ဖော်ပြခဲ့သူတွေကို ၆၆(ဃ) နဲ့ အမှုဖွင့် Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.