ဌာနပိုင်ငွေကို အလွဲသုံးစားပြုလုပ်၍ ဖျောက်ဖျက်ရန် ကြံစည်မှုဖြစ်ပွား

ဓါတ်ပုံ - Yangon Police

ရန်ကုန် အောက်တိုဘာ ၃၁

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၅၂ လမ်းထောင့်ရှိ ကြေးမုံသတင်းစာတိုက်(ရန်ကုန်ရုံးခွဲ) တွင် အောက်တိုဘာ ၃၀ ရက် ညနေပိုင်း၌ သတင်းစာတိုက် ငွေကိုင်ဝန်ထမ်းတစ်ဦးက ဌာနမီးခံသေတ္တာအတွင်းသို့ ငွေသားအနည်းငယ်နှင့် ငွေစက္ကူသဏ္ဌာန် စက္ကူထုပ်များထည့်ကာ မီးရှို့ရန်ကြံစည်ပြီး ဌာနဝင်ငွေကို အလွဲသုံးစားပြုလုပ် အစဖျောက်ရန် ကျူးလွန်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ရက် ညနေ ၆နာရီခန့်က ကြေးမုံသတင်းစာတိုက်၏ ဝင်ငွေလက်ခံသူ ငွေ ကိုင်ဝန်ထမ်းသည် ထိုနေ့လက်ခံရရှိငွေများကို ကိုယ်ကျိုးအလွဲသုံးစားရယူပြီးနောက် ဌာနမီးခံသေတ္တာအတွင်း သို့ ကျပ် ၅၀၀ တန် ငွေစက္ကူအချို့နှင့် ငွေစက္ကူအရွယ် စက္ကူဖြတ်စအထုပ်များကို ထည့်သွင်းကာ မီးရှို့ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ကြံစည်နေစဉ်အတွင်း ၀န်ထမ်းများက တွေ့ရှိ၍ ဌာနတာဝန်ရှိသူက မီးခံသေတ္တာအား စစ်ဆေးရာ ငွေစက္ကူအချို့ ပျက်စီးနေသည်ကို တွေ့ရှိသည့်အတွက် ဌာနပိုင်ငွေကို ဖျောက်ဖျက်ရန် ကြံစည်သူအား ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ အကြောင်းကြားအမှုဖွင့် တိုင်ကြားခဲ့ပြီး မြို့နယ်ရဲစခန်းမှ အဆိုပါ ငွေကိုင်ဝန်ထမ်းအား ပြစ်မှုနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

 (ကြေးမုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ဌာနပိုင်ငွေကို အလွဲသုံးစားပြုလုပ်၍ ဖျောက်ဖျက်ရန် ကြံစည်မှုဖြစ်ပွား ဌာနပိုင်ငွေကို အလွဲသုံးစားပြုလုပ်၍ ဖျောက်ဖျက်ရန် ကြံစည်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.