စက်ဘီးစီးလာသူ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန် - မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်(၁၄၂)မှာ အောက်တိုဘာ ၁၀ ရက် မနက်(၄)နာရီဝန်းကျင်က စက်ဘီးစီးနင်းလာတဲ့ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရတာကြောင့် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

 ဖြစ်စဉ်မှာ ဖြူးမြို့တောင်ဘက်ကနေ မြောက်ဘက်ကို စက်ဘီးစီးနင်းလာတဲ့ အသက်(၆၀) အရွယ်ခန့်အမျိုးသားတစ်ဦးကို ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်သွားတဲ့ယာဉ်က တိုက်ပြီးထွက်ပြေးသွားတယ်လို့ သိရှိရပါတယ်။


 ယာဉ်တိုက်ခံရတာကြောင့် စက်ဘီးစီးနင်းလာသူ အသက်(၆၀) အရွယ် အမျိုးသားမှာ ဝဲပခုံး၊ ဝဲလက်ဖျံ၊ ဝဲတံတောင် ပေါက်ပြဲဒဏ်ရာ၊ ရင်ညွန့်ကျိုးဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်ကိုမဆင်မခြင် မောင်းနှင်ကာ တိုက်ပြီးထွက်ပြေးသွားသူကို အမြန်ဆုံးအရေးယူနိုင်ဖို့ ဖြူးမြို့မရဲစခန်းက (ပ) ၄၇ /၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၀၄-က/၂၀၂) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ပဲ့ကိုင်ရှင်(ညောင်လေးပင်) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
စက်ဘီးစီးလာသူ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး စက်ဘီးစီးလာသူ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 14:43 Rating: 5
Powered by Blogger.