မြစ်​ကြီးနားတွင်​ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား


မြစ်​ကြီးနား၊ ​အောက်​တိုဘာ ၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက် နယ်မြေ၄ တောင်သူကြီးလမ်း အမှတ် ၄၁၄တွင် ယ​နေ့ ​အောက်​တိုဘာ ၁၃ရက်​​နေ့ ည​နေ ၃နာရီခန့်​က လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ​နေအိမ်တွင် နေထိုင်သော ဒေါ်ခင်မြင့်၇၅နှစ်ခန့်နှင့် ၎င်း၏သမီး ဒေါ်ခင်စန်းရီ ၅၀နှစ်ခန့်တို့ဖြစ်ကြောင်း သိရသည်။
``အိမ်ရှေ့ကအဖွားကပြောတယ် ဒီအိမ်ကိုသူလာတော့ လူတွေမရှိဘဲ တီဘီအကျယ်ကြီးဖွင့်ထားတယ်ပြောလို့ ကျွန်မလည်း ရှာပြီးကြည့်တော့ ရေချိုးခန်းထဲမှာ အဖွားကို ငုတ်တုတ်ကြီးသေနေတာတွေ့တာပါ´´ဟု ​သေဆုံးသူ၏အိမ်​တွင်အခန်းငှါး​နေထိုင်​သူ မယဉ်မော်ကပြောသည်။


အဆိုပါ ဖြစ်စဉ်ကို အေးစေတီရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးအောင်ကျော်စိုးကို ညနေ၄နာရီခွဲတွင် အကြောင်းကြားခဲ့ပြီး နေအိမ်တွင် မိသားစု၃ဦး နေထိုင်ကြပြီး မယဉ်မော်နှင့်၎င်း၏ အမေသည် အဆိုပါခြံဝန်းထဲတွင်အိမ်ဌားနေထိုင်သူဖြစ်သည်။
``ကျွန်တော့် ​ယောက္ခမက ရေချိုးခန်း အပြင်ဘက်မှာ သေနေတာ ကျွန်တော့ခယ်မက ရေချိုးခန်း အထဲမှာပါ´´ဟု သေဆုံးသူ၏ သမက်ကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်​ ပတ်​သက်​၍ နယ်မြေရဲစခန်းမှ စခန်းမှုး ဒုရဲမှုး သိန်းဇော် လာရောက်စစ်ဆေး၍ အမှုဖွင့်​ပြီး အမှုမှန်​​ပေါ်​ပေါက်​ရန်​စုံစမ်းလျှက်ရှိ​ကြောင်း သိရသည်။

မီးမီး
EPN ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက်
မြစ်​ကြီးနားတွင်​ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား မြစ်​ကြီးနားတွင်​ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.