နေအိမ်သို့ရောက်ရှိနေသူအား ဇနီးဖြစ်သူနှင့် သဝန်တိုပြီး ခင်ပွန်းဖြစ်သူမှ ဓားဖြင့်ခုတ်၍ သေဆုံး


နေပြည်တော်၊ အောက်တိုဘာ ၁၇

အောက်တိုဘာလ ၁၆ ရက်ေ်န့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေတွင်းမြောင် ကျေးရွာတွင် နေအိမ်သို့ရောက်ရှိနေသူအား ဇနီးဖြစ်သူနှင့် သဝန်တိုပြီး ခင်ပွန်းဖြစ်သူမှ ဓားဖြင့်ခုတ်၍ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ အေးထွန်း (၃၂)နှစ်သည် နေအိမ်သို့ရောက်ရှိနေသည့် တစ်ရွာတည်းနေ ဘိုပု(ခ)ငထွန်း(၃၀)နှစ်အား ဇနီးဖြစ်သူ နှင့် သဝန်တိုပြီး အရိုးအသွား(၂၆)လက်မခန့်ရှိ ကိုင်းခုတ်ဓားမဖြင့် ခုတ်ခဲ့သောကြောင့် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အေးထွန်း အား မင်းလှမြို့မရဲစခန်း (ပ)၂၂၈/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
နေအိမ်သို့ရောက်ရှိနေသူအား ဇနီးဖြစ်သူနှင့် သဝန်တိုပြီး ခင်ပွန်းဖြစ်သူမှ ဓားဖြင့်ခုတ်၍ သေဆုံး နေအိမ်သို့ရောက်ရှိနေသူအား ဇနီးဖြစ်သူနှင့် သဝန်တိုပြီး ခင်ပွန်းဖြစ်သူမှ ဓားဖြင့်ခုတ်၍ သေဆုံး Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.