မိုင်းပန်မြို့ နယ်မှာ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ


မိုင်းပန် အောက်တိုဘာ ၂

မိုင်းပန်မြို့နယ် ရွာသစ်ရပ်ကွက် အ.ထ.က (မိုင်းပန်) ကျောင်းရှေ့နှင့် ညောင်ကိုးပင်ဘုန်းကြီး ကျောင်းရှေ့ လမ်းမပေါ်တွင် အောက်တိုဘာလ ၂ ရက်နေ့ ည ၈ နာရီ ခွဲ အချိန်ခန့်၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ ရှိကြောင်း သိရပါသည်။

 အရှေ့မှ အနောက်သို့ ယာဉ်မောင်း ဦးစွန်တာ ၅၁ နှစ် (အရှေ့ရပ်ကွက်) မောင်းနှင်လာသော အနက်ရောင် လောဂျား - 110 ဆိုင်ကယ်နှင့် အနောက်မှ အရှေ့သို့ ယာဉ်မောင်း တပ်သားကျော်သူထွန်း (၂၈ နှစ်) ခမရ(၅၂၀) မောင်းနှင်လာသော အနက်ရောင် ဖော်လိုးမီ (စီဇက်အိုင်) – 125 ဆိုင်ကယ်တို့ လမ်းမအလယ် ပေါ်တွင် မျက်နှာချင်းဆိုင်တိုက်မိခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်ကယ်တိုက်မှုကြောင့် ဦးစွန်တာတွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက် ဒဏ်ရာ(၁) ချက်၊ မျက်နှာဝဲဘက် မျက်ခုံးချိုင့်ဝင်ဒဏ်ရာ (၁) ချက်၊ နှာခေါင်းသွေးယိုဒဏ်ရာ၊ ပါးစပ်သွေးထွက် ဒဏ်ရာတို့ရရှိကာသေဆုံးခဲ့ပြီး တပ်သား ကျော်သူထွန်းတွင် ယာဘက်ဂျိုစောင်း (၂) လက်မခန့်ပေါက်ပြဲ ဒဏ်ရာ(၁)ချက် စိုးရိမ်ရအခြေအနေဖြင့် ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျက်ရှိကြောင်း သိရှိရသည်။

မိုင်းပန် မြို့နယ် ( ပြန်/ဆက်)
မိုင်းပန်မြို့ နယ်မှာ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ မိုင်းပန်မြို့ နယ်မှာ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.