ငရုတ်ကောင်း ပုသိမ်(ဇွဲ)ခရီးသည်တင်ယာဉ် နောက်ပြန်လျောကျ၍ တိမ်းမှောက်


ငရုတ်ကောင်း အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငရုတ်ကောင်းမြို့တွင်ငရုတ်ကောင်းမှပုသိမ်မြို့သို့သွားသောကားလမ်းမတွင်အောက်တိုဘာ၁၃ရက်နံနက်၈နာရီတွင်ထွက်သော(ဇွဲ)ခရီးသည်တင်ယာဉ်သည်ကုန်းပေါ်သို့တက်ရာမှအရှိန်းမထိန်းနိုင်ဘဲနောက်ပြန်လျောကျ၍တိမ်းမှောက်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာအောက်တိုဘာ၁၃ရက်နေ့တွင်ငရုတ်ကောင်းမြို့မှပုသိမ်မြို့သို့ ထွက်သောသောခရီးသည်တင်ယာဉ်(ဇွဲ)လိုင်းကား(AYY)3I-------သည် ငရုတ်ကောင်း-ပုသိမ်ကားလမ်းမိုင်တိုင်အမှတ် ၁၅ မိုင် ၄ ဖာလုံတွင် ယာဉ်မောင်းဦးအောင်လှိုင်ဝင်းမောင်း နှင်လာ သောခရီးသည်တင်ယာဉ်မှာ ကုန်းပေါ်သို့တက်ရာမှအရှိန်မထိန်းနိုင်ဘဲနောက်ပြန်လျောကျ၍တိမ်းမှောက်ခဲ့ရာယာဉ်ပေါ်ပါရှိသူ(၂၉)ဦးအနက်(၃)ဦးမှာအနည်းငယ်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ငရုတ်ကောင်း ပုသိမ်(ဇွဲ)ခရီးသည်တင်ယာဉ် နောက်ပြန်လျောကျ၍ တိမ်းမှောက် ငရုတ်ကောင်း ပုသိမ်(ဇွဲ)ခရီးသည်တင်ယာဉ် နောက်ပြန်လျောကျ၍ တိမ်းမှောက် Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.