![]() |
မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာနှင့် သာယာကုန်းကျေးရွာကြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်မယ့် သူတွေကို အောက်တိုဘာ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: Infomation Committee's Facebook |
စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးအခက်အခဲတွေအပြင် တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေကြ တဲ့ မွတ်ဆလင်တွေက ထွက်ခွာလာဖို့ ပြောဆိုတာတွေရှိသလို လူနည်းစုဖြစ်လာမှာစိုးရိမ်ပြီး တဘက်နိုင်ငံမှာ ရှိတဲ့ မျိုးနွယ်စုတွေထံ သွားရောက်လိုကြတာကြောင့် အခုလို ထွက်ခွာလာကြတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
နေရပ်စွန့်ခွာလာတဲ့ မွတ်ဆလင်တွေဟာ ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးရွာတွေကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ ရွာသစ်ကေ၊ လေယာဉ်ပျံကွင်း၊ ငါးရံ့ချောင်း၊ ပညောင်ပင်ကြီး ၊ ဂေါ်ဒူသာရချောင်းဝ စတဲ့နေရာတွေအနီးမှာ အသီးသီးစုပြုံရောက်ရှိလာကြတာဖြစ်တယ်လို့လည်းသိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း သွားရောက်ကြည့်ရှုတာတွေရှိပေမယ့်လည်း အခုလိုနေရပ်စွန့်ခွာလာကြတဲ့သူတွေဟာ တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာသွားခဲ့ကြသလား၊ ဒါမှမဟုတ် နေရပ်ကိုပြန်လာကြသလား ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ တိတိကျကျ ဖော်ပြမထားပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း မှာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ မွတ်ဆလင်ဦးရေ ၄ သိန်းကျော် ရှိနေပြီဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ မြန်မာအစိုးရဘက် ကတော့ တဘက်နိုင်ငံကိုရောက်ရှိနေတဲ့ အရေအတွက်ကို ထုတ်ပြန်ထားတာ မရှိပါဘူး။
RFA Burmese
http://www.rfa.org/burmese
တဘက်နိုင်ငံကို ထွက်ခွာသူ အရေအတွက် တိုးလာ
Reviewed by THITHTOOLWIN
on
19:13
Rating:
