![]() |
ရခိုင်ပြည်နယ် မောင်တောဒေသက အကြမ်းဖက်တိုက်ခိုက်တွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို စစ်တွေမြို့မှာ တွေ့ရစဉ်။ Photo: Min Thein Aung/RFA |
မိဘမဲ့ဖြစ်သွားတဲ့ ကလေးငယ်တွေကို ခေါ်ယူစောင့်ရှောက်နိုင်ဖို့ စာရွက်စာတမ်း အထောက်အထားတွေကို အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားရမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူက ပြောပါတယ်။
"ကလေးတွေက လက်ရှိသူတို့ ဘာလက်မှတ်ကိုင်ထားလဲ မသိရဘူး။ အသက်မပြည့်တဲ့ကလေးတွေ သူတို့မိဘတွေကလည်း ဆုံးသွားပြီဆိုတော့ စာရွက်စာတမ်းကို ပြန်ရှာရမယ်။ အဲဒါကို အစိုးရနဲ့တိုင်ပင်ရမယ်။ မကြာခင်ကျနော်တို့ စတိတ်မန့်ထုတ်ပြီးတော့ နိုင်ငံတော်အစိုးရကို ပို့တယ်။ တရားဝင်စာ မနက်ဖြန်ပို့မယ်။ ပို့ပြီးတော့ တကယ်လို့တွေ့ခွင့်ရမယ်ဆိုရင် ညှိနှိုင်းပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာ စီစဉ်ရမယ်"
အဖွဲ့ချုပ်ဟာ မနက်ဖြန်မှာ မောင်တောဒေသက ခိုကိုးရာမဲ့နေတဲ့ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးငယ်တွေဆီ သွားရောက်ဖို့ရှိတယ်လို့ ပြောပါတယ်။
ရန်ကုန်ကိုလိုက်ပါဖို့ သဘောတူညီထားတဲ့ သက်ကြီးရွယ်အိုတွေကို ဟိန္ဒူသက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ ကို ပို့ဆောင်ပေးသွားမှာဖြစ်ပြီး ကလေးငယ်တွေကိုတော့ မိဘမဲ့စောင့်ရှောက်ရေးဂေဟာတွေထံ ပို့ဆောင်ပေးသွား မယ်လို့ ပြောပါတယ်။
အဲဒီလိုကူညီစောင့်ရှောက်နိုင်ရေးအတွက် ဟိန္ဒူအဖွဲ့အစည်းတွေအားလုံးက ငွေကြေးကူညီထောက်ပံ့ပေးဖို့ သဘောတူညီထားတယ်လို့ ဆိုပါတယ်။
မောင်တောအကြမ်းဖက်ခံရမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ ဟိန္ဒူဘာသာဝင်ပေါင်း လေးထောင်ကျော် ရှိတယ်လို့ စာရင်းတွေအရ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ခိုကိုးရာမဲ့နေတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဟိန္ဒူအဖွဲ့ချုပ် ခေါ်ယူစောင့်ရှောက်မည်
Reviewed by THITHTOOLWIN
on
19:46
Rating:
