ဓာတ်ကြိုးကိုင်မိရာမှ ဓာတ်လိုက်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


မိုင်းယု အောက်တိုဘာ ၂၃

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် မီးသတ်နယ်မြေစခန်းသစ် အဆောက်အအုံအပေါ်ထပ် အမိုးကျောက်ထုပ်လောင်းရန်အတွက် အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အဆောက်အအုံ ခေါင်မိုးပြင်ဆင်နေစဉ် အနီးမှ ဖြတ်သန်းသွယ်တန်းထားသော ဓာတ်အားလိုင်းကြိုးကိုကိုင်မိရာမှ ဓာတ်လိုက်၍ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းယုမီးသတ်နယ်မြေ အဆောက်အအုံသစ်အား စိုင်းရှဲန်ရွက်ကုမ္ပဏီ လီမိတက်မှ တာဝန်ယူ၍ အလုပ်သမား ၁၈ ဦး ပါဝင်ဆောက်လုပ်လျက်ရှိရာ ၄င်း အထဲမှ မိုင်းဖြတ်မြို့ ကွက်သစ်ရပ်ကွက်နေထိုင်သူ မောင်အိုက်ဒေါင်း(၁၇နှစ်) နှင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နေထိုင်သူ မောင်ကျော်နန္ဒ(၁၇နှစ်)တို့ သည် ယင်းအဆောက်အအုံအပေါ်ထပ်တွင် အမိုးကျောက်ထုပ်လောင်းရန်အတွက် ပြင်ဆင်နေစဉ် မောင်အိုက်ဒေါင်းမှာ အနီးမှသွယ်တန်းထားသော ဓာတ်အားလိုင်းကြိုး အားကိုင်မိပြီး ဓာတ်လိုက်နေစဉ် ၄င်း၏အနီးတွင် အတူလုပ်ကိုင်နေသော မောင်နန္ဒအား ထိမိ၍ နှစ်ဦးစလုံးဓာတ်လိုက်ခဲ့ရသည်။

အဆိုပါ ဓာတ်လိုက်မှုကြောင့် ပြည်သှူဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ မောင်အိုက် ဒေါင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိ၍ သေဆုံးခဲ့ပြီး မောင်ကျော်နန္ဒမှာ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိသဖြင့်ဆက်လက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းယုနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးနေ ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဓာတ်ကြိုးကိုင်မိရာမှ ဓာတ်လိုက်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ ဓာတ်ကြိုးကိုင်မိရာမှ ဓာတ်လိုက်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.