မီးရထားနှင့် တိုက်မိသောခွေးဘီလူးကား ကိုက်၁၀၀ခန့် ထိပါသွား


မုံရွာ အောက်တိုဘာ ၁၄

မုံရွာမှ ခင်ဦးသို့ ထွက်ခွာမည့်မီးရထားနှင့် ခွေးဘီလူးကား ကန်သာဦးရပ်ကွက် အဝင် ရတနာလမ်းသံလမ်း အဖြတ်တွင် ယနေ့ အောင်တိုဘာ၁၄ရက် ၃နာရီခန့်ကတိုက်မိခဲ့ရာ ကားမှာ ကိုက်၁၀၀ကျော်အထိပါသွား ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများကပြောသည်။


ကားမှာကန်သာဦးရပ်ကွက်အတွင်း မှပြည်ထောင်စုလမ်းမ သို့မောင်းနှင်လာစဉ် ယာဉ်မောင်းသူ မရှိသောဘယ်ဘက်ကို တိုက်မိခဲ့၍မောင်းသူမှာသက်သာခဲ့သူဟု အနီးပတ်ဝန်း ကျင်မှလူများကပြောသည်။

ကားပေါ်တွင် ကားမောင်းသူတစ်ဦးသာ ပါဝင်ပြီး ထိခိုက် ဒဏ်ရာ မရရှိခဲ့ဟုသိရသည်။

ရထားနှင့်ကားတိုက်သောနေရာတွင် ခြုံနွယ်များများစွာ ရှိပြီး မျက်ကွယ်ဖြစ်သလို။လမ်းဖြတ်တား မောင်းတံလည်းရှိ မနေဟု လာရောက်ကြည့်သူများကမှတ်ချက်ပြုသည်။

Monywa Gazette
https://www.facebook.com/monywagazette/
မီးရထားနှင့် တိုက်မိသောခွေးဘီလူးကား ကိုက်၁၀၀ခန့် ထိပါသွား မီးရထားနှင့် တိုက်မိသောခွေးဘီလူးကား ကိုက်၁၀၀ခန့် ထိပါသွား Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.