![]() |
ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး ကို အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်။ Photo: Kaung Htet Kyaw/RFA |
အိမ်ငှားနေထိုင်သူတွေ ဧည့်စာရင်းတိုင်ဖို့ လို မလိုနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးရဲ့ မေးခွန်းကို ဗိုလ်မှူးကြီး အောင်စိုးမိုးက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားထားတဲ့ အိမ်ငှားနေထိုင်သူတွေအနေနဲ့ အိမ်ငှားစာချုပ်နဲ့ မှတ်ပုံတင်မူရင်း၊ မိတ္တူတို့ကိုပြပြီး ရပ်ကွက်အတွင်း နေထိုင်ကြောင်းထောက်ခံစာ ရယူနိုင်တယ်လို့လည်း ပြောပါတယ်။
၂၀၁၂ ခုနှစ် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း ၉ ပုဒ်မ ၁၇ မှာ အခြားရပ်ကွက် (သို့မဟုတ်) ကျေးရွာတစ်ခုခုမှာနေထိုင်ပြီး အိမ်ထောင်စုစာရင်းဝင်မဟုတ်ရင် ညအိပ်ညနေတည်းခိုခြင်းနဲ့  မိမိထံလာတည်းတဲ့ ဧည့်သည်ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးဆီမှာ တိုင်ကြားရမယ်လို့ ပါရှိပါတယ်။
ဒါပေမဲ့ ၂၀၁၆ ခုနှစ် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေ ပုဒ်မ ပုဒ်မ ၁၄ မှာတော့ အဲဒီ ပုဒ်မ ၁၇ ကို ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း တစ်လနဲ့အထက် လာရောက်တည်းခိုနေထိုင်သူများရှိပါက မှတ်တမ်းထားနိုင်ဖို့ သက်ဆိုင်ရာကို အသိပေးအကြောင်းကြားရမယ်လို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အိမ်ငှားနေထိုင်သူတွေ ဧည့်စာရင်းတိုင်ဖို့ မလို
Reviewed by THITHTOOLWIN
on
16:52
Rating:
