ကျောင်းကုန်း အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်ကျေးအုပ်စု/ရွာ အနီးတွင် အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၇း၃၀ နာရီအချိန် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံးခဲ့သည်။
အမှုမှာ ဒုရဲအုပ် မျိုးမင်းအေး သည် ကျောင်းကုန်းမြို့မရဲစခန်းတွင် တာဝန်မှူးတာဝန်ဆောင်ရွက်နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် ၆၅/၅ နှင့် ၆၅/၆ ကြား ကညင်သုံးဆင့်ကျေးရွာအနီးတွင် ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဇော်မိုးမောင်းနှင်ပြီး၊ ယာဉ်နောက်လိုက် ကိုမောင်နိုင် လိုက်ပါလာသော AYY G/----------- CHVEROLET အစိမ်းရောင်ကုန်တင်ယာဉ်သည် အင်ဂျင်အအေးပေးသည့် ပန်ကာပျက်သဖြင့် ကားအား လမ်းဘေးချရပ်ထားပြီး ပြင်ဆင်နေစဉ် နောက်မှ လားရာတူ မောင်းနှင်လာသည့် 4M/------------CANDER အဖြူရောင် မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သည်။
အစိမ်းရောင်ကုန်တင်ယာဉ်သည် အရှေ့သို့ရွေ့သွားပြီး ယာဉ်၏ဦးခေါင်းပိုင်းတွင် ပန်ကာပြင်နေသည့် ကိုမောင်နိုင်သည် ကား၏ရှေ့တန်းနှင့်ဆောင့်မိကာ ဦးခေါင်းကြေမွပြီး ဦးနှောက်များထွက်၍ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားပါသည်။
အဖြူရောင်ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် တရားခံအားလိုက်လံဖမ်းဆီးဆဲဖြစ်ကြောင်းနှင့် ကျောင်းကုန်းမြို့မရဲစခန်းတွင် (ပ)၅၃/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၀၂ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စက်ပျက်၍ ရပ်ထားသော ကုန်တင်ယာဉ်အား နောက်မှဝင်တိုက်မှုကြောင့် တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:15
Rating:
