တောင်းရမ်းစားသောက်မှုများ အဆမတန် မြင့်တက်လာပါက လုစားမှုအထိဖြစ်လာနိုင်၍ လိုက်လံဖမ်းဆီးနေသည်ဟုဆို


ရန်ကုန် အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီးတွင် လသားအရွယ်ကလေးငယ်လေးများကို ရင်ခွင်ပိုက်ဗန်းပြရင်း တောင်းရမ်းနေကြသူများနှင့် သက်ကြီးရွယ်အိုများ၊ ကျောင်းနေသည့်အရွယ်ကလေးများ၊ အားကောင်းမောင်းသန် လူလတ် ပိုင်းများအပါအဝင် တောင်းရမ်းစားသောက်နေကြသည့်လူအားလုံးကို တွေ့မြင်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက် ရှိ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာနမှလိုက်လံ၍ ဖမ်းဆီးထိန်းသိမ်း နေကြောင်း သိရသည်။

ယနေ့ကျင်းပသည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်းလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၏ ၁၁ရက် မြောက်နေ့တွင် မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်က ''ရင် ခွင်ပိုက်ကလေးများကို အရင်းပြု၍ တောင်းရမ်းနေသူများအား တား ဆီးထိန်းသိမ်းရန် မည်သည့်ဌာန တွင် တာဝန်ရှိသလဲ'' ဟူသည့် မေးခွန်းကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကဖြေကြားရာတွင် ''ယင်းကိစ္စကို အားလုံးကတာဝန် ယူရမှာဖြစ်ပြီး ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ရန်ကုန် မြို့တော်စည်ပင်အနေဖြင့် ယခု ကိစ္စကို အလေးထားဆောင်ရွက်နေ ခြင်းဖြစ်ပြီးလှည့်လည်ဖမ်းဆီးထိန်း သိမ်းမှုများပြုလုပ်နေကြောင်း၊တောင်း စားမှုကို အချိန်မီတားပြီးလုပ်ရမှာ ဖြစ်၍ တောင်းစားမှုမြင့်တက်လာ ပါကလုစားမှုဖြစ်သွားလိမ့်မည်''ဟု ပြန်လည်ဖြေကြားပြောဆိုခဲ့သည်။

တောင်းရမ်းသူများကို တစ် ပတ်လျှင်တစ်ကြိမ် ဆူးလေလမ်း ဆုံ၊ ရွှေပိတောက်ဈေး၊ ဘူတာကြီး ရှေ့နှင့် သီရိမင်္ဂလာဈေးများတွင် ည ၁၂ နာရီနောက်ပိုင်းတွင် အထူး စီမံချက်နှင့်ဖမ်းဆီးမှုများပြုလုပ် နေပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၅ရက်အထိ တောင်း ရမ်းသူများကို ဖမ်းဆီးထိန်းသိမ်း သည့်လူဦးရေမှာ ၉ဝဝ ကျော် ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

မေနဒီမြနွယ်
The Union Daily
https://www.facebook.com/uniondaily.net/
တောင်းရမ်းစားသောက်မှုများ အဆမတန် မြင့်တက်လာပါက လုစားမှုအထိဖြစ်လာနိုင်၍ လိုက်လံဖမ်းဆီးနေသည်ဟုဆို တောင်းရမ်းစားသောက်မှုများ အဆမတန် မြင့်တက်လာပါက လုစားမှုအထိဖြစ်လာနိုင်၍ လိုက်လံဖမ်းဆီးနေသည်ဟုဆို Reviewed by THITHTOOLWIN on 23:25 Rating: 5
Powered by Blogger.