မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ယုန်တိုးကျေးရွာအုပ်စု ယုန်တိုးကျေးရွာ ရွာဦးမြသိန်းတန်ကျောင်းတိုက်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူသော ဉာဏ်တော် ငါးပေခန့်ရှိ အင်းဝခေတ် ရှေးဟာင်းဘုရား မံဆင်းတုတော်(ရတနာပစ္စည်းများအပါအဝင်)တစ်ဆူသည် သြဂုတ် ၂၅ရက် ညပိုင်းက ခိုးယူခံခဲ့ရပြီး ဆီမီးခုံရဲစခန်းတွင် (ပ)၉၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်လှစ်ထားသည်။
အဆိုပါ ခိုးယူခံထားရသော အင်းဝခေတ် ရှေးဟာင်းဘုရား မံဆင်းတုတော်အား အောက်တိုဘာ ၃ရက်နေ့က မြင်းခြံ ကန်နှောင်းလမ်းခွဲ ကားလမ်းအနောက်ဖက် ပဲစင်းငုံခင်းအတွင်း ဝှက်ထားသည်ကို ပြန်လည်တွေ့ရှိကြောင်း သတင်းရရှိသည်။
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
ခိုးယူခံထားရသော အင်းဝခေတ် ရှေးဟာင်းဘုရား မံဆင်းတုတော် ပြန်လည်တွေ့ရှိ
Reviewed by THITHTOOLWIN
on
09:33
Rating:
