![]() |
မုဒုံမြို့နယ်အတွင်း သက်ငယ်မုဒိန်းမှုဖြစ်ပွား ၊ တရားခံအား နာရီပိုင်းအတွင်းဖမ်းဆီရမိ |
ထိုမှတစ်ဆင့် မအေးအေး ( ၁၁) နှစ်အား မှိန်ကနိမ်းကျေးရွာ ဘူတာနှင့် ပေ ( ၄၀၀) ကျော်ခန့်ဝေးသော ရထားလမ်း ခြုံတောအနီး၌ သားမယားပြုကျင့်ခဲ့ပါသည်။
မိဘ နှစ်ပါးအားလည် ပြန်မပြောရန် ခြိမ်းခြောက်၍ ဖုန်းအသစ်တစ်လုံးဝယ်ပေးမည်ဟု ကတိပေးကာ မိဘနှစ်ပါး အလုပ်လုပ်ကိုင်နေသည့် ကော့လှကျေးရွာ အရှေ့ပိုင်းသို့ ညနေ ( ၅) နာရီချိန်ခန့်တွင် ပို့ဆောင်ပေးခဲ့ပါသည် ။
မိဘနှစ်ပါးအလုပ်လုပ်ကိုင်နေသည့် နေရာသို့ရောက်ရှိလာသောအခါ မအေးအေး ၏ မိခင်ဖြစ်သူမှလည် မိမိ၏ သမီးသည် လမ်းလျောက်သည့် အနေထားမမှန်ခြင်း ခန္ဒာကိုယ်နှင့်ခြေလက်တုန်နေသည်များကို သတိပြုမိ၍ မေးမြန်ရာ သမီးဖြစ်သူမှ မည်သည့်မေးခွန်းကိုမျှမဖြေကြားရဲခဲ့ပါ ။
ထိုမှတစ်ဆင့် ၎င်းတို့မိသားစုအိမ်ပြန်ခဲ့ကြပြီး အိမ်သို့ရောက်သောအခါ သမီးဖြစ်သူ မအေးအေး (၁၁) နှစ်၏ ခန္ဓာကိုယ်တွင် မျော့များကပ်တွယ်နေသည်ကို တွေရသောကြောင့် သမီးဖြစ်သူအား အမှန်တိုင်းပြောရန် ထပ်မံမေးမြန်သောအခါ ကတုံး( ခ) ဝင်းကြိုင် (၄၂) နှစ် မှ မိမိအားနေ့ခင်း ၁ နာရီခန့်က ဖုန်းသွားပြင်မည်ဟု ပြောဆို၍ စက်ဘီးဖြင့် ခေါ်ထုတ်သွားပြီး မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာ ဘူတာနှင့် ပေ၄၀၀ ခန့်ကွာဝေးသော ရထားလမ်းဘေး ခြုံတော၌ သားမယားပြုကျင့်ခဲ့သည်ဟု မိခင်အားပြောပြသည့်အခါ မိခင်ဖြစ်သူ ဒေါ်လှ မှ ကျေးရွာရှိ တာဝန်ရှိသူများအား အကြောင်းကြားခဲ့ပါသည်။
ကျေးရွာတာဝန်ရှိသူများမှ ကတုံး(ခ)ဝင်းကြိုင် (၄၂) နှစ်အား မှိန်ကနိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံသို့ခေါ်ဆောင်ထိန်းသိမ်းထားပြီး မုဒုံမြို့မရဲစခန်း သို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ပါသည် ။ ထိုနောက် မုဒုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်း ဦးစီး၍ အရာရှိများ အမျိုးသမီးတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တရားခံ ကတုံး( ခ) ဝင်းကြိုင် ( ၄၂) နှစ် (ဘ) ဦးသောင်းကြည်အား ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးမေးမြန်၍ တရားခံမှ အခင်းဖြစ်သည့်နေရာကိုရဲတပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အား လိုက်လံပြသပေးခဲ့ပါသည်။ ထိုမှတစ်ဆင့် စခန်းမှူးနှင့်အဖွဲ့သည် ပြစ်မှုကျူးလွန်ရာတွင် ဝတ်ဆင်ထားသော အဝတ်စားသက်သေခံပစ္စည်းများကို ကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့၏ရှေ့မှောက်၌ ရှာဖွေပုံစံရေးသွင်း၍ချိတ်ပိတ်သိမ်းဆည်းခဲ့ပါသည်။
ထို့နောက် အသက်မပြည့်သေးသူ မအေးအေး (၁၁) နှစ်အား သားမယားပြုကျင့်သည့် သက်ငယ်မုဒိန်းမှုကျူးလွန်သူ ကတုံး(ခ)ဝင်းကြိုင် ( ၄၂) နှစ် အား ဥပဒေနှင့်အညီအရေးယူ အမှုဖွင့်နိုင်ရန်အတွက် မုဒုံမြို့မရဲစခန်းသို့ ဖမ်းဆီခေါ်ဆောင်သွားခဲ့ပါသည်။
( နစ်နာသူမိသားစုများ၏ အမည်များအား လွှဲပြောင်းထားပါသည်)
သတင်း နှင့်ဓာတ်ပုံ - အမွှာညီနောင်
Sun Min Oo (fb)
၁၁ နှစ် အရွယ် မိန်းခလေးအား ခြိမ်းခြောက် သားမယားပြုကျင့်
Reviewed by THITHTOOLWIN
on
11:19
Rating:
