သန်လျင်၌ လင်မယားစကားများပြီး ခင်ပွန်းဖြစ်သူမှ ဝါးယားတုတ်ဖြင့် ရိုက်ရာ ဇနီးဖြစ်သူသေဆုံး


ရန်ကုန် အောက်တိုဘာ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ ကွမ်းခြံကုန်းကျေးရွာ ဇာမဏီဆည်ဝင်း(ကျူး)၌ အောက်တိုဘာ ၁၉ရက်ည ၈နာရီအချိန်က လင်မယားချင်းစကားများပြီး ခင်ပွန်းဖြစ်သူမှ ဝါးယားတုတ်ဖြင့်ရိုက်လိုက်ရာ ဇနီးဖြစ်သူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ် မျိုမင်းဟန်သည် တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် သန်လျင်အထွေထွေဆေးရုံတွင် အမျိုးသမီးတစ်ဦးသေဆုံး၍ရောက်ရှိလာကြောင်းသတင်းအရ ရဲတပ်ဖွဲ့ဝင်များသက်သေများနှင့်အတူသွားရောက်စစ်ဆေးရာသေဆုံးသူမှာ ဒေါ်နွယ်နွယ် အသက်(၇၃)နှစ် ဇာမဏီဆည်ဝင်း(ကျူး) ကွမ်းခြံကုန်းကျေးရွာ သန်လျင်မြို့နေသူဖြစ်ပြီး နှာခေါင်းရိုးကျိုးသွေးထွက် ဒဏ်ရာဖြင့်သေဆုံးနေသည်ကိုတွေ့မြင်ရသည်။

ထိုသို့သေဆုံးမှုကို ဆက်လက်စစ်ဆေးရာ သေဆုံးသူဒေါ်နွယ်နွယ်အား ဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးသူ ကိုမျိုးဆွေ (ခ)ကုလား အသက်(၄၁)နှစ် ဇာမဏီဆည်ဝင်း(ကျူး) ကွမ်းခြံကုန်းကျေးရွာ သန်လျင်မြို့နေသူအား မေးမြန်းခဲ့ရာသေဆုံးသူမှာဆီးချိုသွေးချိုရောဂါဖြင့်အိပ်ရာထဲတွင်လဲနေသူဖြစ်ကြောင်းနှင့် အောက်တိုဘာ ၁၉ရက်ည ၈နာရီအချိန်တွင် လည်းကောင်း၏ခင်ပွန်းဖြစ်သူ ဦးကြည် အသက်(၇၂)နှစ် ဇာမဏီဆည်ဝင်း(ကျူး) ကွမ်းခြံကုန်းကျေးရွာ သန်လျင်မြို့နေသူမှာ အရက်သေစာသောက်စားထားပြီးအလုပ်မှပြန်လည်ရောက်ရှိလာပြီးနောက်လင်မယားချင်းရန်ဖြစ်သံကြားရသဖြင့် သွားရောက်ကြည့်ရှုစဉ် ခင်ပွန်းဖြစ်သူဦးကြည်မှ ဒေါ်နွယ်နွယ်အား လုံးပတ်၎လက်မ အရှည် ၂၃လက်မခန့်ရှိဝါးယားပိုင်းတစ်ခုနှင့်ရိုက်နှက်လိုက်သဖြင့် ဒေါ်နွယ်နွယ်မှာနှာခေါင်းသွေးထွက်ဒဏ်ရာဖြင့်အိပ်ရာပေါ်တွင်မေ့လဲကျသွားသည်ကိုတွေ့ရှိရ၍ ဒေါ်နွယ်နွယ်အားလူနာတင်ယာဉ်ဖြင့် သန်လျင်အထွေထွေဆေးရုံသို့လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါသေဆုံးမှုအား သန်လျင်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူးရဲအုပ် အောင်ဇော်မိုးမှစစ်ဆေးလျှက်ရှိပြီး ဒေါ်နွယ်နွယ်အားဝါးယားပိုင်းဖြင့် ရိုက်နှက်သူ ဦးကြည်အား အမှုဖွင့် အရေးယူထားသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သန်လျင်၌ လင်မယားစကားများပြီး ခင်ပွန်းဖြစ်သူမှ ဝါးယားတုတ်ဖြင့် ရိုက်ရာ ဇနီးဖြစ်သူသေဆုံး သန်လျင်၌ လင်မယားစကားများပြီး ခင်ပွန်းဖြစ်သူမှ ဝါးယားတုတ်ဖြင့် ရိုက်ရာ ဇနီးဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.