ဝမ်ပုံ အောက်တိုဘာ ၎
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စု၊ ဆိတ်ဆိုင်ကျေးရွာ၌ အောက်တိုဘာ ၄ ရက်နေ့ပိုင်းက အမျိုးသား တစ်ဦးအား အင်္ကျီမပါ ကိုယ်လုံးတည်းသေဆုံးသည့် ဖြစ်စဉ် ဖြစ်ပွား ချဲ့ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။
အောက်တိုဘာ ၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် တာချီ လိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆိတ်ဆိုင်ကျေးရွာ အနောက် ဘက် တစ်ဖာလုံခန့် အကွာ တွင် အမည်မသိ အမျိုးသား တစ်ဦး ပေါင်းပင် ခြုံအတွင်း ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း သတင်းအရ စခန်းမှူး ရဲအုပ် မောင်မောင်စိုး၊ နယ်ထိန်း ဒုရဲအုပ် အောင်ကျော်ထွန်း ဦးစီး အဖွဲ့တို့မှ အခင်းဖြစ်ရပ်သို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ အခင်းဖြစ်ရပ် တွင် အမည်မသိ၊ အမျိုးသားတစ်ဦးအား အင်္ကျီမပါ ကိုယ်လုံးတည်းချွတ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ ပက်လက် အနေအထားဖြင့် သေ ဆုံးနေကြောင်း တွေ့ရှိရပြီး သေဆုံးသူမှာ မင်းမင်း(ခ)ကတုံး (၃၀ နှစ်) ဆေးခမ်းရပ်ကွက်၊ တာချီလိတ်မြို့နေသူဖြစ်ကြောင်း သိရသည်။
မင်းမင်း(ခ)ကတုံး သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် ဝမ်ပုံနယ်မြေရဲစခန်းကစုံစမ်းစစ်ဆေး ဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၌ အမျိုးသားတစ်ဦးအား အင်္ကျီမပါ ကိုယ်လုံး တည်းသေဆုံး
Reviewed by THITHTOOLWIN
on
11:26
Rating:
