သံလွင်မြစ်ကူး တာ့ဆန်းတံတား ကြိုးဆိုင်းအုတ်ခုံပြိုကျ ကားအသွားအလာ ၂ ရက်ပိတ်ထား


အောက်တိုဘာလ ၁၂ ရက် ၂၀၁၇

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံနှင့် သျှမ်းပြည်တောင်ပိုင်းမိုင်းပန်တို့အကြား သံလွင်မြစ်ကူးကာ ဆက်သွယ် ပေးသော တာ့ဆန်းတံတားကြိုးဆိုင်း အုတ်ခုံပြိုကျသဖြင့် ခရီးသွားလာမှုကားများ ၂ ရက် သွားလာမှု ပိတ်ပင်ထားကြောင်းသိရသည်။

“မိုး ၂ ရက်ရွာတော့ အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၄ နာရီက ပြိုကျတာ။ မိုင်းတုံဘက်က အ၀င် တံတားထိပ်မှာပေါ့။ တောင်ကမ်းပါးယံမှာစီထားတဲ့ တံတားကြိုးဆိုင်းအုတ်ခုံပြိုကျတာလေ။ ကားအသေး ဆိုရင်တော့ တစီးစာသွားလို့ရတယ်။ ကားအကြီးကိုတော့ ဒါမယ့် အဲတာရှင်းလင်းပြီးမှပေးသွားမယ်ပြောတယ်။ အဲ့ကြောင့် အောက်တိုဘာလ ၁၁ နဲ့ ၁၂ လမ်းပိတ်ထားတယ်။ တောင်ကြီးက စစ်တိုင်းရုံးကလာကြည့်တယ်။ နက်ဖြန်(အောက်တိုဘာလ ၁၃ ရက်) မှတံတားပေးကူးမယ်ပြောတယ်။ ” - ဟု မိုင်းပန်မှ ကုန်သည်စိုင်းခေးတိုင်း ကပြောသည်။


ကြိုးဆိုင်းအုတ်ခုံပြိုကျမှုကြောင့်လူသူထိခိုက်မှုတော့မရှိခဲ့ပေ ။

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့အရှေ့မြောက်ဘက်ရှိ သံလွင်မြစ်ကူး တာ့ဆန်းတံတားကို ၁၉၉၇ ခုနှစ်ကစတင်ဆောက်လုပ်ကာ ၁၉၉၉ ခုနှစ်တွင် ပြည်သူလူထုအားဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။

သျှမ်းသံတော်ဆင့်-ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
သံလွင်မြစ်ကူး တာ့ဆန်းတံတား ကြိုးဆိုင်းအုတ်ခုံပြိုကျ ကားအသွားအလာ ၂ ရက်ပိတ်ထား သံလွင်မြစ်ကူး တာ့ဆန်းတံတား ကြိုးဆိုင်းအုတ်ခုံပြိုကျ ကားအသွားအလာ ၂ ရက်ပိတ်ထား Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.