ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို စောင့်ရှောက် ကျွေးမွေးထားရာမှာ လိုအပ်ရင် ထမင်းတစ်နပ် လျှော့စားမှာဖြစ်တယ်လို့ ၀န်ကြီးချုပ် ရှိတ် ဟာဆီနာ က ပြောလိုက်ကြောင်း Dhaka Tibune သတင်းစာက ဖေါ်ပြပါတယ်။
၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေတဲ့ ရှိတ် ဟာဆီနာက အမေရိကန်ရောက် သူ့ပါတီခေါင်းဆောင်တချို့နဲ့ တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် အနေနဲ့ လူဦးရေ သန်း ၁၆၀ ကို ကျွေးမွေးထားနိုင်ရင် ဒုက္ခရောက်နေတဲ့ နောက်ထပ် လူ ၅ သိန်း- ၇ သိန်းလောက်ကိုလည်း ကျွေးမွေးနိုင်ပါတယ်၊ လိုအပ်ရင် တစ်ရက်ကို ထမင်းတစ်နပ်သာစားပြီး၊ ကျန်တဲ့တစ်နပ် ဒုက္ခသည်တွေကို ကျွေးမှာပါ၊ ဘင်္ဂလားဒေ့ရှ်ဟာ မချမ်းသာပါဘူး၊ ဒါပေမဲ့ နှလုံးသားတော့ရှိပါတယ်၊ ဒုက္ခသည်တွေဟာ လူသားတွေဖြစ်တဲ့အတွက် သူတို့ကို ဘင်္ဂလားပင်လယ်အော်ထဲ မောင်းမချရက်ပါဘူးလို့လည်း ပြောဆိုခဲ့ကြောင်း Dhaka Tibune သတင်းစာက ဖေါ်ပြပါတယ်။
မကြာခင်ကတော့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀ လောက် လိုအပ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးက ပြောဆိုခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဒုက္ခသည်တွေအတွက် လိုအပ်ရင် ထမင်းတစ်နပ်လျှော့စားမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပြောကြား
Reviewed by THITHTOOLWIN
on
12:46
Rating:
