ဘယ်သူ့ကိုမှ အမှုမလုပ်ပါနဲ့ဟူသော စာတစ်စောင်နှင့်အတူ အမျိုးသားတစ်ဦးအား ကြိုးဆွဲချသေဆုံးလျက်တွေ့ရှိ
 ကြိုးတန်းလန်းဖြင့် ကြိုးဆွဲချသေဆုံးနေသည် ကိုသန်းဝေ ဓါတ်ပုံ - fb
နတ်မောက် အောက်တိုဘာ ၁၇
နတ်မောက်မြို့နယ် ဥယျာဉ် (တ)ရွာအနီးရှိ ယာခင်းအတွင်း၌ အမျိုးသားတစ်ဦးအား အောက်တိုဘာ ၁၆ ရက်နေ့  နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က စာတစ်စောင်နှင့် အတူ ကြိုးဆွဲချသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း စိုင်ကောင်းနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဥယျာဉ်(တ) ရွာအနောက်ဘက် လေးဖာလုံခန့်အကွာ စဉ်ဝဏ်အိုင့်ယာတော ပဲစင်းငုံယာခင်းအနီး လိမ်ပင်တွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ စိုင်ကောင်း နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ခိုင် ထူး သွားရောက်စစ်ဆေးခဲ့သည်။
 အမြင့်ပေ ၃ဝ ရှိသည့် လိမ်ပင်၏ အနောက်မြောက်ဘက်၌ လုံးပတ်နှစ်လက်မခန့်ရှိပြီး အရှည်ပေ ၂ဝ ခန့် ထွက်နေသောသစ်ကိုင်းတွင် မောင်သန်းဝေ (၃၃နှစ်)ဥယျာဉ်(တ)ကျေးရွာနေသူ၏ လည် ပင်းတွင် သုံးပင်လိမ် ပလတ်စတစ်ကြိုးချည်၍ ကြိုးတန်းလန်းဖြင့် ကြိုးဆွဲချသေဆုံးနေသည် ကို တွေ့ရှိခဲ့ပြီး ၄င်းခန္ဓာကိုယ်တွင် လွယ် ထားသော ချည်လွယ်အိတ်အတွင်းမှ 'ဘယ်သူ့ ကိုမှ အမှုမလုပ်ပါနဲ့ ဟိုကပြန်ခေါ်နေလို့'ဟု ရေးသား၍ လက်မှတ်ထိုးထားသည့် စာ တစ်စောင်နှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ် သည်။
နွယ်နွယ်(မကွေး)
The Union Daily
https://www.facebook.com/uniondaily.net/
ဘယ်သူ့ကိုမှ အမှုမလုပ်ပါနဲ့ဟူသော စာတစ်စောင်နှင့်အတူ အမျိုးသားတစ်ဦးအား ကြိုးဆွဲချသေဆုံးလျက်တွေ့ရှိ ဘယ်သူ့ကိုမှ အမှုမလုပ်ပါနဲ့ဟူသော စာတစ်စောင်နှင့်အတူ အမျိုးသားတစ်ဦးအား ကြိုးဆွဲချသေဆုံးလျက်တွေ့ရှိ Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.