သဲကျောက်ကား တစ်စီး တိုက်မိမှု လူ ၃ဦး ဒဏ်ရာရ၊ ယာဉ် ၈ စီးပျက်ဆီး


ဘားအံမြို့ အမှတ်(၅) ရပ်ကွက် ဆောက်လုပ်ရေးရုံးအရှေ့ဘက်တွင် သဲကျောက်များ အပြည့်တင်ဆောင်လာသည့် ကင်တာကားတစ်စီး ကားများ ဆိုင်ကယ်များနှင့် လူ ၃ ယောက်အား အရှိန်ပြင်းထန်စွာ တိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။


အောက်တိုဘာလ ၁၂ရက်နေ့ ယနေ့ နေ့လည် (၁၁) နာရီခန့်က အမှတ်(၅) ရပ်ကွက် ဆောက်လုပ်ရေးရုံးအရှေ့တွင် သဲကျောက်များအပြည့်တင်ဆောင်လာသည့် ကင်တာကားတစ်စီးမှ အရှေ့မှသွားနေသည့် ကားအဝါလေးအားအရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီး အရှိန်မထိန်းနိုင်ကာ တစ်ဖက်ယာဉ်ကြောရှိ အသက်အရွယ်ကြီးရင့်သူနှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား ထက်မံဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ရာ ထိုဆိုင်ကယ်ပေါ်ရှိ အဘိုးနှင့်အဘွားမှာ ကားအဝါအောက်သို့ ရောက်ရှိသွားခဲ့သည်။ဒဏ်ရာ စိုးရိမ်ရပါသည်။ထိုမှတစ်ဆင့် တစ်ဖက်ရှိ လမ်းဘေးတွင်ရပ်ထားသော ဟိုက်ဂျက်အဖြူရောင်ကို ထပ်မံဝင်တိုက်ခဲ့ရာ တစ်ပတ်လည်သွားပြီး အနောက်ဘက်နှင့်ဘေးခြမ်းပျက်စီးသွားခဲ့ပါတယ်။တစ်ဆက်တည်းဆိုသလို လမ်းမကြီးဘေးရပ်ထားသော CBR ဆိုင်ကယ်တစ်စီးကိုပါ ထပ်မံဝင်တိုက်မိခဲ့ပြီး အနီးရှိ ကားတစ်စီးနှင့်ဆိုင်ကယ်အရောင်းဆိုင်မှ ဆိုင်ကယ်များကိုပါ ထပ်မံတိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။ဗန်ဒါပင်ခံ၍သာ ကားရပ်သွားခဲ့ပြီး မဟုတ်ခဲ့ရင် ဒီထက် အခြေအနေ ပိုမိုဆိုးရွာစွာ ဖြစ်ပေါ်နိုင်ပါတယ်။ဗန်ဒါပင်အနီး ထိုင်နေသည့် အမျိုးသမီးတစ်ဦးကိုပါ တိုက်မိခဲ့ပြီး ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ပါတယ်။


ယခုယာဉ်တိုက်မှုကြောင့် လူ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ကား ၃ စီး / ဆိုင်ကယ် ၈ စီး ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။ကားသမားကို ချက်ချင်းဖမ်းမိနိုင်ခဲ့ပါတယ်။တောင်ကလေးဘက်ကလို့ သိရပါတယ်။
အရှိန်မြင့်မောင်းနှင့်ပြီး ယာဉ်စည်းကမ်းမလိုက်နာတဲ့ သဲကျောက်တင် ကင်တာကားများအား ထိရောက်စွာ ဖမ်းဆီးအရေးယူပေးပါ။ယာဉ်တိုက်မှုအများစုဟာ သဲကျောက်တင်ကားတွေကြောင့် ဖြစ်တာများပါတယ်။အားလုံးကို မဆိုလိုပါဘူး။ အများစုပါ။


ယနေ့မနက် ၉ နာရီခွဲခန့်က ဘားအံမြို့ အမှတ်(၅) ရပ်ကွက် ရွှေညောင်ပင်ကမ္ဘောဇဘဏ်အရှေ့တွင် ယာဉ် ၂ စီး ရှေ့နောက်တိုက်မိမှု ဘားအံမြို့ မီးပွိုင့်ကြီးတွင် ယာဉ်(၂) စီးရှေ့နောက် တိုက်မိမှုတို့ ဖြစ်ပွားခဲ့ပါသေးတယ်။ ဘားအံမြို့ပေါ် ယာဉ်လမ်းကြောများ ကြပ်တည်းနေတဲ့အတွက် ကားများအရှိန်လျော့မောင်းနှင်ကြဖို့ လိုအပ်ပါတယ်ခင်ဗျား။

ကရင်ပြည်နယ် ဘားအံမြို့တော်
သဲကျောက်ကား တစ်စီး တိုက်မိမှု လူ ၃ဦး ဒဏ်ရာရ၊ ယာဉ် ၈ စီးပျက်ဆီး သဲကျောက်ကား တစ်စီး တိုက်မိမှု လူ ၃ဦး ဒဏ်ရာရ၊ ယာဉ် ၈ စီးပျက်ဆီး Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.