မိုးရေအိုင်အတွင်း ရေနစ်သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း တစ်လောင်းတွေ့ရှိ


အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းမှ စတင်၍ အဆက်မပြတ် မိုးရွာသွန်းခဲ့ရာ မြို့နေရာ အနှံ့နီးပါး မိုးရေအိုင်ကြီးများဖြစ်ပေါ်လျက်ရှိသည်။ အောက်တိုဘာ ၁၃ ရက် ၊ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က မုံရွာမြို့ နန္ဒ၀န်ရပ်ကွက်၊ နယ်မြေအမှတ်(၆) ၊ ဘုရင့်နောင်လမ်းနှင့် စည်သူလမ်းဒေါင့် နေရာအနီးရှိ လူနေထိုင်ခြင်းမရှိသည့် အိမ်ဝန်းခြံလွတ်အတွင်း မိုးရေအိုင်ကြီးထဲတွင် ရေနစ်သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့သည်။

အဆိုပါ လူသေဆုံးနေသည့် မိုးရေအိုင်ကြီးရှိရာ အရပ်သို့ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ဆန်းလင်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များရောက်ရှိလာပြီးနောက် သေဆုံးသူအား စစ်ဆေးကြည့်ရှု့ခဲ့ရာ သေဆုံးသူသည် အရာတော်မြို့နယ်၊ အနောက်လှိမ်လှကျေးရွာနေ ဦးသန်းနိုင် အသက်(၄၅) နှစ်ဆိုသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့နောက် ရဲစခန်းမှူးနှင့်အဖွဲ့သည် သေဆုံးသူအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် မုံရွာနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၅ /၂၀၁၇ အရ မုံရွာပြည်သူ့ဆေးရုံကြီး ဥပဒေရေးရာ မှုခင်းဆေးပညာ ဌာနသို့ ပို့ဆောင် စစ်ဆေးလျက်ရှိသည်။

ယမန်နေ့က မုံရွာမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့သည်။ ထို့ကြောင့် မြို့နေရာ အနှံ့နီးပါး မိုးရေလွှမ်းမှုများဖြစ်ပေါ်ခဲ့သည်။ တချို့သော မြေနိမ့်နေရာများတွင် မိုးရေများ အလွန်များပြားလျက်ရှိသည်။ ၎င်း နေရာများသို့ ကလေးသူငယ်များ သွားရောက် စော့ကစားခြင်း မပြုလုပ်မိကြစေရန် အုပ်ထိန်းသူများက သတိနှင့်ယှဉ်လျက် အထူးတားမြစ်ပေါ်ကြရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

မုံရွာနယ်မြေရဲစခန်း

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ