စေတီတောင်ရဲစခန်းမှူးနှင့်အဖွဲ့အား ရွံ့ခဲများဖြင့် ပစ်ပေါက်သည့် ဘင်္ဂလီ နှစ်ဦးဖမ်းဆီးခံရ


နိရဉ္စရာ၊ အောက်တိုဘာ ၁

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင်နယ်ခြားစောင့်ရဲစခန်းမှ စခန်းမှူးနှင့် အဖွဲ့အား ရွံ့ခဲများ၊ မြေသားခဲများဖြင့် ပစ်ပေါက်တိုက်ခိုက်သည့် ဘင်္ဂလီ ၂ ဦးအား ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

“ ဟုတ်ပါတယ်။ ကျွန်တော်တို့တို့ လစာထုတ်ပြီး ဟွန်ဒါစက်တပ်လှေနဲ့ဘူးသီးတောင်မြို့ကနေ အပြန် စက်တင်ဘာ ၃၀ ရက် နေ့လယ် ၁ နာရီခန့်မှာ မော်စတော်ဖီ ဘင်္ဂလီရွာနားကို ရောက်တဲ့အခါ ကမ်းပေါ်ကနေ ရွံ့ခဲတွေ၊ မြေသားခဲတွေနဲ့ ပစ်ပေါက်ကြတယ်။ ပစ်ပေါက်တဲ့ ဘင်္ဂလီ ၅ ဦးခန့်ပါဝင်ပါတယ်” ဟု စေတီတောင်နယ်ခြားစောင့်ရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

ရွံ့ခဲများဖြင့် ပေါက်ပစ်သူ ၅ ဦးထဲမှာ သေကံခွဆုံ အုပ်စု မော်စတော်ဖီ ဘင်္ဂလီရွာမှ ဖြစ်ပြီး ဖမ်းမိသူ ၂ ဦးကို ညောင်ချောင်းနယ်ခြားစောင့်စခန်းသို့ ပို့ဆောင်လိုက်သည်ဟု စခန်းမှူးက ပြောသည်။

“ ဖြစ်တာက ချောင်းက ကျဉ်းတော့ ကမ်းပေါ်ကနေ သူတို့က ပစ်ပေါက်တာပါ။ ရဲတစ်ချို့မှာ ယူနီဖေါင်းတွေမှာ ရွံ့တွေ ပေသွားခဲ့ပါတယ်” ဟု ဆက်လက် ပြောကြားသည်။

သူတို့ ၂ ဦးအား ၀တ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့် တရားစွဲဆိုသွားမည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara
စေတီတောင်ရဲစခန်းမှူးနှင့်အဖွဲ့အား ရွံ့ခဲများဖြင့် ပစ်ပေါက်သည့် ဘင်္ဂလီ နှစ်ဦးဖမ်းဆီးခံရ စေတီတောင်ရဲစခန်းမှူးနှင့်အဖွဲ့အား ရွံ့ခဲများဖြင့် ပစ်ပေါက်သည့် ဘင်္ဂလီ နှစ်ဦးဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 10:35 Rating: 5
Powered by Blogger.