မန္တလေး ဘူတာကြီးဘအနီးတဝိုက်တွင် အုပ်စုဖွဲ့၍ အနိုင်ကျင့်ခြင်း၊ ငွေကြေးပိုမို တောင်းခံခြင်းများ ပြုလုပ်နေကြောင်းကို ကာယကံရှင်များနှင့် တာဝန်သိပြည်သူများမှ Facebook လူမှုကွန်ယက်မှတဆင့် တင်ပြခဲ့မှုများအပေါ် ထိုကဲ့သို့ စစ်ဆေးအရေးယူခဲ့ခြင်းဖြစ်ကြောင်းနှင့် သတင်းတင်ပေးသူများကို ကျေးဇူးတင်ရှိပါကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ Facebook စာမျက်နှာတွင်ဖော်ပြထားသည်။
၎င်းကဲ့သို့ အရေးယူဆောင်ရွက်ရာတွင် အောက်တိုဘာလ ၂၃ရက်နေ့က တရားမဝင် လက်အမှတ်ရောင်းဂိတ်(၃)ခုနှင့် အောက်တိုဘာလ (၂၄)ရက်နေ့က လက်မှတ်အရောင်းဂိတ် (၁)ခု တို့ကို စစ်ဆေးအရေးယူခဲ့ပြီး စည်ပင်သာယာရေးဥပဒေဖြင့် စည်ပင်သာယာတရားရုံးသို့ တရားစွဲတင်ပို့ထားကာ ဆက်လက်စစ်ဆေးအရေးယူဆောင်ရွက်ရန် တိုင်းဒေသကြီး
အနေဖြင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားကြောင်းလည်း ၎င်းကဆက်လက်ဖော်ပြထားသည်။
(Ah Lin Nge)
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေး ဘူတာကြီးအနီးတဝိုက်တွင် အုပ်စုဖွဲ့၍ အနိုင်ကျင့် သူတွေကို စစ်ဆေးအရေးယူ
Reviewed by THITHTOOLWIN
on
11:09
Rating:
