ထော်လာဂျီယာဉ်ကို နောက်မှမောင်းနှင်လာသည့်ယာဉ်မှ ဝင်ရောက်တိုက်မိ တစ်ဦးသေ တစ်ဦးဒဏ်ရာရ


ရန်ကုန် အောက်တိုဘာ ၂၅

မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၁၂/ ဝ-၁)ကြား၌ ယမန်နေ့ မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် နေပြည်တော် ဘက်မှ မန္တလေးဘက်သို့ ဖိုးပြိုင်း (၂၆နှစ်)ယာဉ်မောင်း ဂွေးကန်ကျေး ရွာ ဝမ်းတွင်းမြို့နယ်နေသူသည်9X/---- ထော်လာဂျီယာဉ်မှာ မြေသားလမ်းမှအမြန်လမ်းမကြီးပေါ် ရုတ်တရက်တက်ရောက်မောင်းနှင် စဉ် နောက်မှ ယာဉ်မောင်းနိုင်မျိုး အောင်(ခ) နောင်နောင်(၂၉နှစ်) ရွှေကူကျေးရွာ၊ ပေါက်ခေါင်းမြို့ နယ်နေသူ မောင်းနှင်သည့် 8B/---- Light Truck ယာဉ်မှထော်လာ ဂျီယာဉ်နောက်ပိုင်းကို တိုက်မိခဲ့ သည်။

ယာဉ်တိုက်မှုကြောင့်Light Truckယာဉ်ပေါ်မှ ယာဉ်မောင်း နိုင်မျိုးအောင်(ခ) နောင်နောင်တွင် နဖူးဖူးရောင်၊ ယာလက်ဖျံပွန်း၊ နှာ ခေါင်းသွေးထွက်ဒဏ်ရာ(စိုးရိမ်ရ) နှင့် သက်ဝေဇင်(ခ) ဖိုးသားလေး၊ (၁၈နှစ်) တဲကုန်းကျေးရွာ ပြည်မြို့ နယ်နေသူတွင် နဖူးပေါက်ပြဲ၊ ဝဲ/ ယာတံတောင်ပွန်းဒဏ်ရာ (စိုးရိမ် ရ)တို့ရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံ သို့ ပို့ဆောင်ခဲ့ရာ နိုင်မျိုးအောင်(ခ) နောင်နောင်သည် ဆေးရုံရောက်ရှိ စဉ် သေဆုံးသွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းမကြီးပေါ် တက်ရောက် မောင်းနှင်ခွင့်မရှိဘဲ ထော်လာဂျီ ယာဉ်ကို မောင်းနှင်သူ ဖိုးပြိုင်း (ဖမ်းမမိ)အား သီးကုန်းအမြန် လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၃၄/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-က/၃၃၈/၂ဝ၂ (ပေါ့လျော့မှု ကြောင့် လူသေစေမှု၊ ပြင်းထန် နာကျင်စေမှု၊ သတင်းပေးရန် ပျက် ကွက်မှု)ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း သိရသည်။

ဒါကို
The Union Daily
https://www.facebook.com/uniondaily.net/
ထော်လာဂျီယာဉ်ကို နောက်မှမောင်းနှင်လာသည့်ယာဉ်မှ ဝင်ရောက်တိုက်မိ တစ်ဦးသေ တစ်ဦးဒဏ်ရာရ ထော်လာဂျီယာဉ်ကို နောက်မှမောင်းနှင်လာသည့်ယာဉ်မှ ဝင်ရောက်တိုက်မိ တစ်ဦးသေ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.